ကျန်းမာရေးဟာ အကောင်းဆုံး investment ပါ

Investment နဲ့ပတ်သက်ပြီး ကျွန်တော့်ဆရာတစ်ယောက်သင်ပေးတာက Investment မှာ အဓိက ဂရုစိုက်ရမယ့် အပိုင်း (၂)​ပိုင်းရှိသတဲ့
၁)​သူများဆီကနေ ကိုယ့်ဆီကို ရောက်ဖို့ကို လုပ်ရသလို
၂) ကိုယ့်ဆီကနေလဲ ပြန်မပါဖို့ ဂရုစိုက်ရမယ် တဲ့
နောက်ထပ် နည်းနည်းဖြန့်တွေးပြီး စဉ်းစားကြည့်တော့၊ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ အလုပ်လုပ်တယ်၊ ပိုက်ဆံရှာကြတယ်၊ အနာဂတ်မှာ အောင်မြင်ဖို့၊ ချမ်းသာဖို့၊ ရာထူးတက်ဖို့၊ စုဆောင်းသထက် စုဆောင်းမိအောင်လုပ်ကြတယ်ဆိုတာက နံပါတ် (၁) နဲ့ တူတယ်
သူများဆီကနေ ကိုယ့်ဆီရောက်အောင် လုပ်နေတာပေါ့၊ သူများဆီကနေ မဟုတ်တောင်မှ ကိုယ့်ဆီကို ရောက်အောင် လုပ်နေရတာပဲ
ကျွန်တော်တို့ တကယ် ဂရုမစိုက်မိနေတာက နံပါတ် (၂)၊ ကိုယ့်ဆီကနေ ပြန်မပါဖို့ကို ဂရုမစိုက်မိနေတာ
ဒီမှာ ကိုယ့်ဆီကနေ အတိုဆုံးအချိန်အတွင်း အများဆုံး ပြန်နှိုက်ယူသွားနိုင်တာက ဘာလဲဆိုတော့ ကျန်းမာရေး ပဲ
အရင်က ကိုယ်တွေလဲ gym သွားတဲ့သူ gym ကစားတဲ့သူတွေကိုဆို ခွိချင်တယ်၊ အမယ်လေး ငါတို့က ဗလမရှိလဲ ဇရှိတယ် တို့၊ ဗိုက်ပူပူနဲ့သူတွေကပဲ ပိုက်ဆံရှိတာတို့ဘာတို့ လျှောက်ပြောပြီး လှောင်ချင်တယ်
တကယ်က gym သွားတာ ကျန်းမာရေးလိုက်စားတာ လေ့ကျင့်ခန်းလုပ်တာဟာ လှဖို့ပဖို့ six pack ထွက်ဖို့ဆိုတာတွေထက် ကျန်းမာဖို့က အဓိကဆိုတာ နောက်မှပဲ သဘောပေါက်လာတာ
ကိုယ့်ဆီကနေ နှိုက်ယူမယ့်ကောင်ကို ကြိုပြီး ချိုးထားနိုင်မှ တန်ကာကျမယ်ဆိုတာသဘောပေါက်လာပြီးတဲ့နောက် gym ပုံမှန်သွားတတ်လာတယ်၊ အစားအသောက်ကို ဂရုစိုက်တတ်လာတယ်၊ အသောက်အစား လျော့တတ်လာတယ်
မဟုတ်လို့ကတော့ တစ်သက်လုံးရှာထားတာကို တစ်လလောက်နဲ့ အကုန်သုံးမှာ အဲ့ကောင်ပဲ
ဒါကြောင့် ခုနေ လေ့ကျင့်ခန်းဘာညာ မလုပ်ဖြစ်သေးလဲ စလုပ်ဖို့ အချိန်တန်ပြီ၊ ဘယ်သူဘာပြောပြော သိပ်ဂရုမစိုက်နဲ့၊ မင်းကလှချင်နေတာလားတို့ Gym သွားပြီး ခြောက်သွားမယ်တို့ဘာတို့ သိပ်နားထောင်မနေနဲ့
သူများခါးကုန်းနေမယ့်အချိန် ကိုယ်ခါးမကုန်းတော့မှာကိုပဲ မြင်ယောင်ပြီး လုပ်ပစ်လိုက်
ကျနော်လဲ စိတ်ပိုင်းဖြတ်ထားတယ်၊ 29 October 2023 က ကျနော့်မွေးနေ့၊ မွေးနေ့မှာ 6 packs နဲ့ ပုံတင်မယ်
AMC

လူတစ်ယောက်အတွက် ဝါသနာ ၅ ခုလိုတယ်

လူတစ်ယောက်အတွက် ဝါသနာ ၅ ခုလိုတယ် ပိုက်ဆံရှာပေးမယ့် ဝါသနာ ၁ ခု ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေမယ့် ဝါသနာ ၁ ခု တီထွင်ဖန်တီးနိုင်စွမ်းကို တက်စေမယ့် ဝါသနာ ၁ ခု အသိပညာကို တိုးစေမယ့် ဝါသနာ ၁ ခု Mindset ကို တိုးတက်စေမယ့်

ငွေရှာရတာ ခက်သလား?

ငွေရှာရတာ ခက်လား မေးရင် မခက်ဘူးပဲ အမြဲဖြေပါ.။ Law of Attraction ဘာညာ မပြောသေးဘူး၊ ငါလုပ်နိုင်တယ် လို့တွေးတဲ့သူ နဲ့ ငါမလုပ်နိုင်ဘူး လို့ တွေးတဲ့သူနဲ့ Result က ကွာမှာပဲ.။ ငယ်ငယ်ကတည်းက ကျနော်တို့ မိဘတွေလက်ထက်ကတည်းက ကြားလာရတာက ငွေရှာရတာခက်တယ်၊ တွင်းထဲကနှိုက်ထုတ်နေတာမဟုတ်ဘူး

Tools တွေဘာလို့ သုံးသင့်လဲ

တစ်ခုခုလုပ်မယ်ဆိုရင် Tools တွေရဲ့ အကူအညီ ယူခြင်းက အလုပ်ကို မြန်မြန်ပြီးမြောက်စေတယ်ဆိုတာတော့ သေချာတယ် အရင်က လက်နဲ့ ဘောပင်နဲ့ စာရွက်မှာ ချရေးတယ် နောက်ပိုင်း Notion တို့လို Note app တွေသုံးတယ် Visualize စဉ်းစားဖို့ Mind Map တွေ လိုလာတယ်

ဝင်ငွေလမ်းကြောင်း (၈) မျိုးရှိတယ်

1. အလုပ်လုပ်လို့ ရတဲ့ဝင်ငွေ 2. ဝယ်ရောင်းလုပ်ရာက မြတ်တဲ့ ဝင်ငွေ 3. ပိုက်ဆံချေးရာက အတိုးပြန်ရတဲ့ ဝင်ငွေ 4. ပိုင်ဆိုင်မှုတစ်ခုခုက တန်ဖိုးတက်လာတဲ့ ဝင်ငွေ 5. Share ဝင်ထားတဲ့တစ်ခုခုက အမြတ်ခွဲပေးလို့ရတဲ့ ဝင်ငွေ 6. မြေ သို့မဟုတ် အိမ်တစ်ခုခုကို ငှားလို့