ငွေရှာရတာ ခက်သလား?

ငွေရှာရတာ ခက်လား မေးရင် မခက်ဘူးပဲ အမြဲဖြေပါ.။
Law of Attraction ဘာညာ မပြောသေးဘူး၊ ငါလုပ်နိုင်တယ် လို့တွေးတဲ့သူ နဲ့ ငါမလုပ်နိုင်ဘူး လို့ တွေးတဲ့သူနဲ့ Result က ကွာမှာပဲ.။
ငယ်ငယ်ကတည်းက ကျနော်တို့ မိဘတွေလက်ထက်ကတည်းက ကြားလာရတာက ငွေရှာရတာခက်တယ်၊ တွင်းထဲကနှိုက်ထုတ်နေတာမဟုတ်ဘူး ဘာညာ.။
ခက်တယ်လို့ထင်ရင် ပိုခက်လာတတ်တယ်၊ ခက်တယ် ဆိုတော့ လက်လျှော့တဲ့ဘက်ကို ပိုပြီး ရောက်လာရောလေ.။
ဒါကြောင့် ကိုယ့်ကိုကိုယ် အမြဲပြောတယ်၊ “ငွေရှာရတာ အရမ်းလွယ်တယ်” လို့.။
ငွေနဲ့ပတ်သက်လို့ ဒီ (၃) ခု အမြဲရွတ်တတ်တယ်.။
“ငွေရှာရတာ အရမ်းလွယ်တယ်”
“ငွေကိုရှာပါ၊ သုံးပါ၊ မတွယ်တာနဲ့”
“ငွေဘယ်လောက်ရှာနိုင်တယ်ဆိုတာထက် ဘယ်လောက်ကျန်အောင်လုပ်နိုင်တာက ပိုအရေးကြီးတယ်”

ကျန်းမာရေးဟာ အကောင်းဆုံး investment ပါ

Investment နဲ့ပတ်သက်ပြီး ကျွန်တော့်ဆရာတစ်ယောက်သင်ပေးတာက Investment မှာ အဓိက ဂရုစိုက်ရမယ့် အပိုင်း (၂)​ပိုင်းရှိသတဲ့ ၁)​သူများဆီကနေ ကိုယ့်ဆီကို ရောက်ဖို့ကို လုပ်ရသလို ၂) ကိုယ့်ဆီကနေလဲ ပြန်မပါဖို့ ဂရုစိုက်ရမယ် တဲ့ နောက်ထပ် နည်းနည်းဖြန့်တွေးပြီး စဉ်းစားကြည့်တော့၊ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ အလုပ်လုပ်တယ်၊ ပိုက်ဆံရှာကြတယ်၊

ပြောစရာ (၃) ခုရှိတယ်

ဒီ status ကို ဖတ်တဲ့သူတွေကို ပြောစရာ (၃) ခုရှိတယ်.။ နံပါတ် (၁) ရိုးသားမှုအကြောင်း နံပါတ် (၂) စာသားတွေရဲ့ အရေးပါမှု နဲ့ နံပါတ် (၃) ငြင်းမရတဲ့ offer အကြောင်းပေါ့.။ တကယ်က ဒီနည်းလမ်းကို marketing ဆရာကြီး တစ်ယောက်ဆီက

Power of Consistency

Start with Why ကို ရေးတဲ့ Simon Sinek ပြောသလိုပေါ့.။ ဒီနေ့မနက် မင်း Gym ကိုသွားတယ်. Workout လုပ်တယ်. ပြန်လာပြီးရင် မှန်ထဲကို ကြည့်တယ်. ဘာအပြောင်းအလဲဖြစ်သွားတာတွေ့မယ်ထင်လဲ.? Nothing. ဘာမှ ပြောင်းမှာမဟုတ်ဘူး.။ နောက်တစ်နေ့ အဲလိုပဲ Gym သွားတယ်.

မဖန်တီးတတ်ရင် စုပါ

Create မဖန်တီးတတ်ရင် Curate စုပါ.။ Create ဖန်တီးတယ်ဆိုတာ ပန်းချီဆရာ နဲ့ တူတယ်၊ ရင်ထဲက အနုပညာကို ကားချပ်ပေါ်တင်ရတာ.။ Curate စုတယ်ဆိုတာ ပန်းချီပြခန်းအစောင့်နဲ့ တူတယ်၊ သူကိုယ်တိုင်တော့ ပန်းချီမဆွဲတတ်ဘူး၊ ဒါပေမယ့် ပန်းချီပြခန်းကို လူလာတဲ့အခါ “ကြည့်ပါလား စုတ်ချက်လေးကတော့ဘယ်လို၊ ဒီနားလေးမှာ ဘယ်လိုယူထားတာ”