Content တွေဖန်တီးဖို့ Online Business တွေစဖို့ Motivation လိုလား?
လိုတာပေါ့၊ တစ်ခုခု စမယ်ဆိုရင် Motivation က လိုကိုလိုတယ်
ဒါပေမယ့် Motivation ဆိုတာက အားဖြည့်အချိုရည်တွေနဲ့ တူတယ်
သောက်တဲ့ခဏနဲ့ သောက်ပြီးတဲ့အချိန် အားပြည့်သလို ခံစားရပေမယ့် ပြီးရင်က အဲဒီ effect ပျောက်သွားတဲ့အချိန်မှာ ပြန်အားလျော့သွားတာမျိုး
ဒါကြောင့် Moti တစ်ခုတည်းကို အားကိုးလို့မရဘူး
Moti + Plan + Progress + Reward လိုလိမ့်မယ်
- Moti က စလုပ်ဖို့ တွန်းအားရမယ်
- ပြီးရင် တကယ်ကြီး ဆက်လုပ်ဖြစ်သွားဖို့က Plan လိုတယ်
- လုပ်ရင်းနဲ့ Progress ကို မြင်လာရပြီဆိုရင် Moti ပြန်ပြန်ရလာမယ်
- ပြီးတော့ Reward ကလဲ ရဦးမှဖြစ်မယ် မဟုတ်ရင် Consistent ဖြစ်ဖို့ မလွယ်ဘူး
Gym သွားသလိုပေါ့
လူတော်တော်များများ နှစ်ကုန်ပြီဆိုရင် New Year Resolution ဆိုပြီး ဝိတ်ချမယ်၊ Gym သွားမယ် လုပ်ကြတယ်၊ ပြီးတော့ ၁ လ ၂ လလောက်ပဲ ဒုံရင်းပဲပြန်ရောက်တာပဲ
Gym ကို ပုံမှန်သွားဖို့က Moti တစ်ခုတည်းနဲ့မရဘူး၊ Plan, Progress နဲ့ Reward တွေပါ ရှိမှ
ဒါကြောင့် Content ပဲလုပ်လုပ် Gym ပဲသွားသွား ကျန်တဲ့ ၃ ခုကိုပါ မမေ့ပါနဲ့