ပြောစရာ (၃) ခုရှိတယ်

ဒီ status ကို ဖတ်တဲ့သူတွေကို ပြောစရာ (၃) ခုရှိတယ်.။
နံပါတ် (၁) ရိုးသားမှုအကြောင်း
နံပါတ် (၂) စာသားတွေရဲ့ အရေးပါမှု နဲ့
နံပါတ် (၃) ငြင်းမရတဲ့ offer အကြောင်းပေါ့.။
တကယ်က ဒီနည်းလမ်းကို marketing ဆရာကြီး တစ်ယောက်ဆီက ရခဲ့တာဗျ.။

နံပါတ် (၁) က ရိုးသားမှု တဲ့,။

ရိုးရိုးသားသား ပြောရရင် ဒီ status က ကြော်ငြာတစ်ခု ဖြစ်တယ်.။
ဘာကြော်ငြာလဲဆိုတော့ မိတ်ဆွေရဲ့ လုပ်ငန်းပဲ ဖြစ်ဖြစ် content creation ပဲဖြစ်ဖြစ်ကို နောက်တစ်ဆင့်ကို ရောက်သွားစေနိုင်မယ့် ကြော်ငြာမျိုး.။
လူတွေက ရိုးသားမှုကို ကြိုက်ကြတယ်ဗျ.။
ခုပဲကြည့် ကျနော်က ကြော်ငြာပါလို့ ပြောတာတောင် မိတ်ဆွေက ဒီထိဖတ်လာပြီးပြီ.။
ဒါက ရိုးသားမှုရဲ့ power ပဲ.။

နောက်တစ်ခုက စာသားတွေရဲ့ အရေးပါမှု.။

Copywriter ဆရာကြီး Ray Edwards ကပြောဖူးတယ်.။ မင်းရဲ့ စာသားတစ်ခုရဲ့ တကယ့် အလုပ်က လူတွေကို နောက်တစ်ခုကိုထပ်ဖတ်ချင်လာအောင် လုပ်ဖို့ပဲတဲ့.။
သဘောက လူတွေကို တစ်ခုပြီးတစ်ခု ဖတ်ချင်လာအောင်. အဆုံးထိ ဖတ်ချင်သွားအောင် လုပ်ဖို့ပေါ့.။
အကယ်၍ မိတ်ဆွေရဲ့ Business page ကဖြစ်စေ content creator page ကဖြစ်စေ မိတ်ဆွေက ရိုးသားမယ်၊ စာကို လူတွေထပ်ထပ်ဖတ်ချင်လာအောင် ရေးနိုင်ပြောနိုင်မယ်ဆိုရင် မကောင်းဘူလား.။
ဒါပေမယ့် စာကိုဖတ်သူတိုင်းက မိတ်ဆွေရောင်းတာကို ဝယ်မှာမဟုတ်ဘူး.။
ဒါက အမှန်တရားပဲ.။

ဒီမှာ နံပါတ် (၃) ဝင်လာတယ်.။ ငြင်းမရတဲ့ offer ကမ်းလှမ်းမှု.။

အကယ်၍ ဒီလို status မျိုးကို မိတ်ဆွေက ကျနော်နဲ့ ထိုင်ပြီး မိတ်ဆွေရဲ့လုပ်ငန်းအတွက် ရေးနေသလိုမျိုး ကျနော်က guide လုပ်နေသလိုမျိုး ခံစားရမယ့် program မျိုးအတွက်ကို မြန်မာကျပ်ငွေ ၁၅၀၀၀ ကျပ်နဲ့ join လို့ရမယ် ဆိုရင်ရော?
ဒါက ငြင်းမရတဲ့ offer ဖြစ်သွားပြီ မဟုတ်လား?
အဓိကက ဒီ status တစ်ခုလုံးက ဒါကိုသင်ပေးချင်တာ
နံပါတ် (၁) customer ကို ရိုးသားပါ.။
(၂) သိချင်စိတ်ကို လှုံဆော်ပါ.။
(၃) ငြင်းမရတဲ့ offer ပေးပါ.။

လူတစ်ယောက်အတွက် ဝါသနာ ၅ ခုလိုတယ်

လူတစ်ယောက်အတွက် ဝါသနာ ၅ ခုလိုတယ် ပိုက်ဆံရှာပေးမယ့် ဝါသနာ ၁ ခု ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေမယ့် ဝါသနာ ၁ ခု တီထွင်ဖန်တီးနိုင်စွမ်းကို တက်စေမယ့် ဝါသနာ ၁ ခု အသိပညာကို တိုးစေမယ့် ဝါသနာ ၁ ခု Mindset ကို တိုးတက်စေမယ့်

မဖန်တီးတတ်ရင် စုပါ

Create မဖန်တီးတတ်ရင် Curate စုပါ.။ Create ဖန်တီးတယ်ဆိုတာ ပန်းချီဆရာ နဲ့ တူတယ်၊ ရင်ထဲက အနုပညာကို ကားချပ်ပေါ်တင်ရတာ.။ Curate စုတယ်ဆိုတာ ပန်းချီပြခန်းအစောင့်နဲ့ တူတယ်၊ သူကိုယ်တိုင်တော့ ပန်းချီမဆွဲတတ်ဘူး၊ ဒါပေမယ့် ပန်းချီပြခန်းကို လူလာတဲ့အခါ “ကြည့်ပါလား စုတ်ချက်လေးကတော့ဘယ်လို၊ ဒီနားလေးမှာ ဘယ်လိုယူထားတာ”

Scan လို့လွယ်အောင်ရေး

နောက်ပိုင်းလူတွေက စာကို ဖတ်တာထက် Scan တာ ပိုများတယ်.။ Scan တယ်ဆိုတာက စာပိုဒ်တစ်ပိုဒ်ကို တွေ့ရင် #ပထမဆုံးစာကြောင်း ကိုပဲ အဆုံးထိဖတ် ပြီးနောက်ပိုင်းစာကြောင်းတွေ ကိုဖြည်းဖြည်းချင်း အစပိုင်းတွေကို ပဲဖတ်လာ တာကို ပြော တာ.။ ပျင်းလာရင် ဒီလို ခေါင်းစဉ်တွေဆီကို ကျော်ဖတ်လာလေ့ရှိတယ် နောက်တစ်ခုက

မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းတယ်

မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းတယ် Real Investments are boring တဲ့.. Workout လုပ်တာနဲ့ ဘီယာသောက်တာယှဉ်ရင် workout လုပ်တာက ပျင်းစရာကောင်းတာပေါ့ လောင်းကစားသလို Day Trading လုပ်တာနဲ့ Stock တစ်ခုကို ပုံမှန်ဝယ်ပြီး ကိုင်ထားတာနဲ့ ဆိုရင် ကိုင်ထားရတာက ပျင်းစရာကောင်းတာပေါ့