ဘယ်တော့မှ ပြန်မရမယ့် အရာ (၃) ခု

ဘဝမှာ ပျက်စီးသွားရင်၊ ပျောက်ကွယ်သွားရင် ပြန်မရနိုင်တော့မှာ (၃)​ခုပဲ ရှိတယ်.။
  • ၁) အချိန်
  • ၂) ကျန်းမာရေး
  • ၃) မိသားစု
တကယ်က ဒီ (၃) ခုထဲက တစ်ခုခုကို အဆုံးရှုံးသက်သာဖို့ဆိုရင် ကျန်တာအားလုံးနဲ့ လဲမယ်ဆို လဲသင့်တာ.။
ထူးဆန်းတာက လူတွေက နံပါတ် (၂) ကျန်းမာရေး တစ်ခုခု ဖြစ်မှသာ ပိုက်ဆံတွေ အကုန်ခံပြီး ကုတာ.။
နံပါတ် ၁) အချိန်ကိုပြန်ရဖို့ ငွေမသုံးချင်ဘူး (အချိန်ကုန်သက်သာစေမယ့် အရာတွေမှာ ငွေမသုံးဖြစ်ကြဘူး)၊ နံပါတ် ၃) မိသားစုကို ငွေလောက် ဂရုမစိုက်မိကြဘူး ဖြစ်နေတယ်.။

Quality Vs Quantity

အရင်က Quality Content ကပဲ ပိုကောင်းမယ်လို့ တွေးထားတာ.။ Quality ကောင်းကောင်းနဲ့ ရှယ်ရိုက် ရှယ်ရေး ရှယ်ဖန်တီးမယ်ပေါ့.။ ဒါမှ ပေါက်မယ် ပိုပြီးတန်မယ်လို့ ထင်တာ.။ မှားလားဆိုတော့ မမှားဘူး.။ ဒါမယ့် တွက်ကြည့်ရင် ခု မြန်မာပြည် Facebook user က သန်း

ငွေရှာရတာ ခက်သလား?

ငွေရှာရတာ ခက်လား မေးရင် မခက်ဘူးပဲ အမြဲဖြေပါ.။ Law of Attraction ဘာညာ မပြောသေးဘူး၊ ငါလုပ်နိုင်တယ် လို့တွေးတဲ့သူ နဲ့ ငါမလုပ်နိုင်ဘူး လို့ တွေးတဲ့သူနဲ့ Result က ကွာမှာပဲ.။ ငယ်ငယ်ကတည်းက ကျနော်တို့ မိဘတွေလက်ထက်ကတည်းက ကြားလာရတာက ငွေရှာရတာခက်တယ်၊ တွင်းထဲကနှိုက်ထုတ်နေတာမဟုတ်ဘူး

ကျန်းမာရေးဟာ အကောင်းဆုံး investment ပါ

Investment နဲ့ပတ်သက်ပြီး ကျွန်တော့်ဆရာတစ်ယောက်သင်ပေးတာက Investment မှာ အဓိက ဂရုစိုက်ရမယ့် အပိုင်း (၂)​ပိုင်းရှိသတဲ့ ၁)​သူများဆီကနေ ကိုယ့်ဆီကို ရောက်ဖို့ကို လုပ်ရသလို ၂) ကိုယ့်ဆီကနေလဲ ပြန်မပါဖို့ ဂရုစိုက်ရမယ် တဲ့ နောက်ထပ် နည်းနည်းဖြန့်တွေးပြီး စဉ်းစားကြည့်တော့၊ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ အလုပ်လုပ်တယ်၊ ပိုက်ဆံရှာကြတယ်၊

ဝင်ငွေလမ်းကြောင်း (၈) မျိုးရှိတယ်

1. အလုပ်လုပ်လို့ ရတဲ့ဝင်ငွေ 2. ဝယ်ရောင်းလုပ်ရာက မြတ်တဲ့ ဝင်ငွေ 3. ပိုက်ဆံချေးရာက အတိုးပြန်ရတဲ့ ဝင်ငွေ 4. ပိုင်ဆိုင်မှုတစ်ခုခုက တန်ဖိုးတက်လာတဲ့ ဝင်ငွေ 5. Share ဝင်ထားတဲ့တစ်ခုခုက အမြတ်ခွဲပေးလို့ရတဲ့ ဝင်ငွေ 6. မြေ သို့မဟုတ် အိမ်တစ်ခုခုကို ငှားလို့