တစ်ခုခုလုပ်မယ်ဆိုရင် Tools တွေရဲ့ အကူအညီ ယူခြင်းက အလုပ်ကို မြန်မြန်ပြီးမြောက်စေတယ်ဆိုတာတော့ သေချာတယ်
အရင်က လက်နဲ့ ဘောပင်နဲ့ စာရွက်မှာ ချရေးတယ်
နောက်ပိုင်း Notion တို့လို Note app တွေသုံးတယ်
Visualize စဉ်းစားဖို့ Mind Map တွေ လိုလာတယ်
နောက်ပိုင်းတော့ Video Notes တွေ မှတ်လာဖြစ်တယ်၊ တစ်ခုခု မှတ်ချင်ရင် Video ကောက်ရိုက်လိုက်တာ၊ နောက်ပြန်ကြည့်လို့ရတယ်၊ ပြန်လဲ တင်လို့ရတယ်
Mind Map App ဆိုရင် Mindmeister သုံးတယ်
Note ဆိုရင် Notion သုံးတယ်
Browser ကိုက Edge ကိုသုံးတယ်
Recording ကို OBS နဲ့လုပ်တယ်
Tool တစ်ခုကို မသုံးခင်မှာက သုံးတတ်ဖို့ခက်မယ်ထင်တာနဲ့ တစ်ခါမှမသုံးဖူးတော့ ကြောက်တာနဲ့ နောက်တွန့်ကောင်းတွန့်လိမ့်မယ်။ ဒါမယ့် တကယ်သုံးပြီးရင်က ဘာမှ ကြောက်စရာမရှိတော့ဘူး။
ကိုယ့်ဘဝကို ပိုပြီး လွယ်ကူစေမယ့်အရာတွေကို သုံးရမှာ မကြောက်နဲ့။
Edit – ဒီပို့စ်ရေးပြီးမှ Software ဝယ်တဲ့ platform တစ်ခုက ကိုယ့် profile ကို သွားကြည့်မိတာ 132 ခုဝယ်ထားပြီးပြီ၊ တစ်ခုကို $60 လောက် ပျမ်းမျှနဲ့တွက်ရင် $8000 နီးပါး၊ သိန်း ၂၄၀ ဖိုးလောက်ရှိိတာပဲ
AMC