ကျနော်တို့ တော်တော်များများက စဉ်းစားတာက ငယ်တုန်းမှာ ပိုက်ဆံရှာထား၊ ကြီးလာရင် နားမယ်၊ သွားမယ် စားမယ် သောက်မယ်၊ အနားယူမယ် ဒီလိုစဉ်းစားကြတာ
တကယ်က စဉ်းစားကြည့်ရင် အသက် ၂၀ ကနေ ၆၀ ထိ အလုပ်လုပ်၊ ၆၀ လဲကျ ပိုက်ဆံရှိပြီ ခရီးတွေသွားမယ် ပျော်မယ်ပါးမယ်လဲ ဆိုရော Wheelchair ပေါ် ရောက်လိုရောက်၊ မသွားနိုင်တော့ဘူးဖြစ်ရော
ကိုယ့်ဝါသနာက တောင်တက်တာ၊ အသက် ၆၀ ပိုက်ဆံရှိမှ အနားယူမှ တောင်သွားတက်မယ် ဆိုတော့ မရတော့ဘူး၊ ကြီးနေပြီ
အဲ့ကြောင့် Tim Ferriss က သူ့စာအုပ် 4 Hour Work-week ထဲပြောထားတာ mini retirement တွေ များများယူရမယ်တဲ့
ကျနော်ကတော့ အစပိုင်း အလုပ်များများ လုပ်ထားပြီး နောက်ပိုင်း တဖြည်းဖြည်း အလုပ်လုပ်စရာ သိပ်မလိုတော့တဲ့ ပုံစံကို သဘောကျတယ်၊ ပြီးတော့ ဘယ်နေရာရောက်ရောက် အင်တာနက်ရှိတာနဲ့ အလုပ်လုပ်လို့ရတဲ့ ပုံစံကို သဘောကျတယ်
ဒီ ၂ ခုနဲ့ ကိုက်ညီတာက
Become an influencer
အစပိုင်းမှာ ကိုယ့် brand ကို established ဖြစ်အောင် လုပ်ရမယ်၊ လူသိအောင်ပေါ့လေ၊ အဲ့မှာ ပထမပြောဖူးတဲ့ platform, partner, product ၃ မျိုးနဲ့ ငွေရှာပေါ့…. Fully automated နဲ့ fully passive တော့မဟုတ်ဘူး၊ semi-passive ဆိုပါတော့
Investing
ဒါကကျ ကိုယ်ရွေးတဲ့ asset ပေါ်မူတည်ပြီး ကွဲပြားနိုင်တယ်၊ ဉပမာ ကိုယ်က မြန်မာပြည်က လုပ်ငန်းတစ်ခုခုမှာ ရှယ်ယာထည့် ရင်းနှီးမြှုပ်နှံမယ် ဆိုရင် တစ်ပတ်တစ်ခါလောက် meeting ထိုင် report ကြည့်တာလောက်တော့ လုပ်ရမယ်၊ မဟုတ်ဘဲ crypto လိုမျိုး ကိုင်မိရင်လဲ နေ့တိုင်းလောင်နေတာမျိုးရှိရင် ရှိမယ်။ အဓိကက ကိုယ့်ရဲ့ Asset ကို သေချာရွေးဖို့ နဲ့ အဲ့ဒီအကြောင်းကို ကျွမ်းဖို့ လိုလိမ့်မယ်
Running A Business
Investing နဲ့မတူတာက ကိုယ်ပါစရာမလိုတဲ့ လုပ်ငန်းရှိထားတာပဲ။ တကယ်က ကိုယ်ပါစရာမလိုဘူးဆိုတာ 100% တော့မဟုတ်ဘူး၊ 100% ဖြစ်ဖို့ဆိုတာက Emyth ထဲကလို Visionary, Manager, Technician ၃ မျိုးလုံး ဆုံမှဖြစ်နိုင်မှာ။ ဒါတောင်ကိုယ်က အဲ့ ၃ မျိုးထဲ မပါဘဲ ပိုင်ရှင်ကြီး သီးသန့်ဖြစ်နေဖို့ လိုသေးတယ်။ ဒါမယ့် နေရာဒေသမရွေးကနေ လှမ်း manage လုပ်လို့ရရင်တော့ မဆိုးဘူးပြောရမယ်
နောက်ပိုင်း ဒီ ၃ ခုကိုပဲ ဇောက်ချပြီး လုပ်ရင်း ဒီ ၃ ခုထဲက တစ်ခုခု လုပ်ချင်သူတွေကိုလဲ ကူသွားပေးဖို့ စဉ်းစားထားတယ်။ အဓိကက မွေးကတည်းက အခုထိ အလုပ်လုပ်၊ သေရင်လဲအလုပ်နဲ့ပဲ သေသွားပြီး ဘာမှ ဘဝမှာ မခံစားရလိုက်တဲ့သူတွေ မဖြစ်စေချင်တာ
ဒါပါပဲ
AMC