အရင်က Quality Content ကပဲ ပိုကောင်းမယ်လို့ တွေးထားတာ.။

Quality ကောင်းကောင်းနဲ့ ရှယ်ရိုက် ရှယ်ရေး ရှယ်ဖန်တီးမယ်ပေါ့.။ ဒါမှ ပေါက်မယ် ပိုပြီးတန်မယ်လို့ ထင်တာ.။

မှားလားဆိုတော့ မမှားဘူး.။

ဒါမယ့် တွက်ကြည့်ရင်
ခု မြန်မာပြည် Facebook user က သန်း ၂၀ ပတ်လည်ပဲ ရှိတယ်၊ YouTube ဆို ၅ သန်းလောက်ပဲ ရှိမယ်.။ TikTok ကတော့ data အတိအကျ မသိပေမယ့် ၅ သန်းပတ်လည်ပဲ ရှိမှာပေါ့.။

ဆိုတော့ ဘယ်လောက် quality ကောင်းကောင်း ကျနော်တို့ ရောက်နိုင်တာ ဒီလောက်ပဲ ဒီထက်မပိုဘူး.။

ဒါကြောင့် နောက်ပိုင်း quality ရော quantity ရော များလေကောင်းလေလို့ပဲ တွေးတယ်.။

Gary Vee ရဲ့ Jab Jab Jab Right Hook နဲ့လဲ ကိုက်တယ်.။

Leave a Reply

Your email address will not be published. Required fields are marked *