မဖန်တီးတတ်ရင် စုပါ

Create မဖန်တီးတတ်ရင် Curate စုပါ.။ Create ဖန်တီးတယ်ဆိုတာ ပန်းချီဆရာ နဲ့ တူတယ်၊ ရင်ထဲက အနုပညာကို ကားချပ်ပေါ်တင်ရတာ.။ Curate စုတယ်ဆိုတာ ပန်းချီပြခန်းအစောင့်နဲ့ တူတယ်၊ သူကိုယ်တိုင်တော့ ပန်းချီမဆွဲတတ်ဘူး၊ ဒါပေမယ့် ပန်းချီပြခန်းကို လူလာတဲ့အခါ “ကြည့်ပါလား စုတ်ချက်လေးကတော့ဘယ်လို၊ ဒီနားလေးမှာ ဘယ်လိုယူထားတာ” စသဖြင့် ရှင်းပြတတ်တယ်.။ Content တစ်ခုကို အစအဆုံး မဖန်တီးတတ်ဘူးဆိုရင် အဲဒီအကြောင်းအရာကို Simple ဖြစ်အောင် ရှင်းပြခြင်း (သို့မဟုတ်) မတူညီတဲ့အမြင်နဲ့ ဆွေးနွေးခြင်းနဲ့ Curate လုပ်လို့ရတယ်.။ ငယ်တုန်းက စာစီစာကုန်းရေးတုန်းက သင်ခဲ့ရတယ်မလား “စုတုပြု” ဆိုပြီး.။

ပြောစရာ (၃) ခုရှိတယ်

ဒီ status ကို ဖတ်တဲ့သူတွေကို ပြောစရာ (၃) ခုရှိတယ်.။ နံပါတ် (၁) ရိုးသားမှုအကြောင်း နံပါတ် (၂) စာသားတွေရဲ့ အရေးပါမှု နဲ့ နံပါတ် (၃) ငြင်းမရတဲ့ offer အကြောင်းပေါ့.။ တကယ်က ဒီနည်းလမ်းကို marketing ဆရာကြီး တစ်ယောက်ဆီက ရခဲ့တာဗျ.။ နံပါတ် (၁) က ရိုးသားမှု တဲ့,။ ရိုးရိုးသားသား ပြောရရင် ဒီ status က ကြော်ငြာတစ်ခု ဖြစ်တယ်.။ ဘာကြော်ငြာလဲဆိုတော့ မိတ်ဆွေရဲ့ လုပ်ငန်းပဲ ဖြစ်ဖြစ် content creation ပဲဖြစ်ဖြစ်ကို နောက်တစ်ဆင့်ကို ရောက်သွားစေနိုင်မယ့် ကြော်ငြာမျိုး.။ လူတွေက ရိုးသားမှုကို ကြိုက်ကြတယ်ဗျ.။ ခုပဲကြည့် ကျနော်က ကြော်ငြာပါလို့ ပြောတာတောင် […]

Scan လို့လွယ်အောင်ရေး

နောက်ပိုင်းလူတွေက စာကို ဖတ်တာထက် Scan တာ ပိုများတယ်.။ Scan တယ်ဆိုတာက စာပိုဒ်တစ်ပိုဒ်ကို တွေ့ရင် #ပထမဆုံးစာကြောင်း ကိုပဲ အဆုံးထိဖတ် ပြီးနောက်ပိုင်းစာကြောင်းတွေ ကိုဖြည်းဖြည်းချင်း အစပိုင်းတွေကို ပဲဖတ်လာ တာကို ပြော တာ.။ ပျင်းလာရင် ဒီလို ခေါင်းစဉ်တွေဆီကို ကျော်ဖတ်လာလေ့ရှိတယ် နောက်တစ်ခုက ဒီလို list တွေကိုဖတ်လေ့ရှိတယ် list ကိုဖတ်ရင် အချက်တွေကို တန်းသိတာမို့ list က အရမ်းမရှည်ရင်ပိုကောင်းတယ် ဒါကြောင့်စာရေးတဲ့အခါ List တွေပါအောင် ရေးရမယ်.။ အတတ်နိုင်ဆုံး စာကြောင်းကို #တိုတိုနဲ့လိုရင်း ရေး.။ အပိုဒ်ခဏခဏခွဲ.။ တစ်ပိုဒ်မှာ ၃ ကြောင်းထက် ပိုမပါစေနဲ့.။ #Keyword တွေကို highlight လုပ်.။ Facebook မှာက # […]

Content Creator တွေအတွက် 3P

Content Creator အနေနဲ့ အလုပ်လုပ်မယ်ဆိုရင် အစတည်းက Plan ကြိုချပြီးမှ လုပ်တာ ပိုကောင်းတယ် Creator တစ်ယောက်ရဲ့ income ရတဲ့ပုံစံကို အကြမ်းဖျင်း ၃ မျိုးခွဲလို့ရတယ် Platforms Partners Products ဆိုပြီး P ၃ လုံးနဲ့ မှတ်ထားလို့ရတယ် Platforms ဆိုတာက Facebook, YouTube တို့ကနေ ပေးတဲ့ ကြော်ငြာ income တို့ star တို့ subscription တို့လို income တွေ အားလုံးပါမယ် Partners ဆိုတာက Sponsorship Deals တွေ Brand တွေနဲ့ Collab တို့ Review လုပ်တာတို့ နောက် Affiliate တို့လိုမျိုးတွေ အကုန်ပါမယ် […]

ကျန်းမာရေးဟာ အကောင်းဆုံး investment ပါ

Investment နဲ့ပတ်သက်ပြီး ကျွန်တော့်ဆရာတစ်ယောက်သင်ပေးတာက Investment မှာ အဓိက ဂရုစိုက်ရမယ့် အပိုင်း (၂)​ပိုင်းရှိသတဲ့ ၁)​သူများဆီကနေ ကိုယ့်ဆီကို ရောက်ဖို့ကို လုပ်ရသလို ၂) ကိုယ့်ဆီကနေလဲ ပြန်မပါဖို့ ဂရုစိုက်ရမယ် တဲ့ နောက်ထပ် နည်းနည်းဖြန့်တွေးပြီး စဉ်းစားကြည့်တော့၊ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ အလုပ်လုပ်တယ်၊ ပိုက်ဆံရှာကြတယ်၊ အနာဂတ်မှာ အောင်မြင်ဖို့၊ ချမ်းသာဖို့၊ ရာထူးတက်ဖို့၊ စုဆောင်းသထက် စုဆောင်းမိအောင်လုပ်ကြတယ်ဆိုတာက နံပါတ် (၁) နဲ့ တူတယ် သူများဆီကနေ ကိုယ့်ဆီရောက်အောင် လုပ်နေတာပေါ့၊ သူများဆီကနေ မဟုတ်တောင်မှ ကိုယ့်ဆီကို ရောက်အောင် လုပ်နေရတာပဲ ကျွန်တော်တို့ တကယ် ဂရုမစိုက်မိနေတာက နံပါတ် (၂)၊ ကိုယ့်ဆီကနေ ပြန်မပါဖို့ကို ဂရုမစိုက်မိနေတာ ဒီမှာ ကိုယ့်ဆီကနေ အတိုဆုံးအချိန်အတွင်း အများဆုံး […]

Change Your Identity

ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့ ကျွန်တော်ရခဲ့ဖူးတဲ့ အကောင်းဆုံးအကြံဉာဏ်တစ်ခုက “Change Your Identity” ဆိုတာပဲ ဒီ principle က နေရာတော်တော်များများမှာ တွေ့ရတယ်၊ စာအုပ်တွေထဲမှာလဲ ပါတယ်၊ နာမည်ပဲမတူကြတာ Be – Do – Have နဲ့ Have – Do – Be တို့ Identity Change တို့ Begin with the End in Mind တို့လို နာမည်မတူပေမယ့် သဘောတရားက တူတယ် အဓိက အနှစ်သာရက ဒီလိုပေါ့ ဉပမာ ကျွန်တော်က ဝိတ်ကျချင်တယ်၊ six packs ထွက်ချင်တယ်၊ ကျန်းမာချင်တယ်ဆိုပါစို့ ပုံမှန်ကျွန်တော်တို့ စဉ်းစားကြတာက “ငါက ဝိတ်တွေချမယ်၊ […]

မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းတယ်

မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းတယ် Real Investments are boring တဲ့.. Workout လုပ်တာနဲ့ ဘီယာသောက်တာယှဉ်ရင် workout လုပ်တာက ပျင်းစရာကောင်းတာပေါ့ လောင်းကစားသလို Day Trading လုပ်တာနဲ့ Stock တစ်ခုကို ပုံမှန်ဝယ်ပြီး ကိုင်ထားတာနဲ့ ဆိုရင် ကိုင်ထားရတာက ပျင်းစရာကောင်းတာပေါ့ တော်တော်ကြီးကြာမှ Progress ကိုမြင်လာရတာမျိုးကို လူတွေက မကြိုက်ကြဘူး၊ မြန်မြန်လုပ် မြန်မြန်ရ ကိုပဲ ကြိုက်ကြတာ။ အဲဒါကြောင့်လဲ scammer တွေ များလာတာ၊ လောင်းကစားတွေ များလာတာ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းလိမ့်မယ် AMC

Mini Retirement များများရစေမယ့် အလုပ် (၃) ခု

ကျနော်တို့ တော်တော်များများက စဉ်းစားတာက ငယ်တုန်းမှာ ပိုက်ဆံရှာထား၊ ကြီးလာရင် နားမယ်၊ သွားမယ် စားမယ် သောက်မယ်၊ အနားယူမယ် ဒီလိုစဉ်းစားကြတာ တကယ်က စဉ်းစားကြည့်ရင် အသက် ၂၀ ကနေ ၆၀ ထိ အလုပ်လုပ်၊ ၆၀ လဲကျ ပိုက်ဆံရှိပြီ ခရီးတွေသွားမယ် ပျော်မယ်ပါးမယ်လဲ ဆိုရော Wheelchair ပေါ် ရောက်လိုရောက်၊ မသွားနိုင်တော့ဘူးဖြစ်ရော ကိုယ့်ဝါသနာက တောင်တက်တာ၊ အသက် ၆၀ ပိုက်ဆံရှိမှ အနားယူမှ တောင်သွားတက်မယ် ဆိုတော့ မရတော့ဘူး၊ ကြီးနေပြီ အဲ့ကြောင့် Tim Ferriss က သူ့စာအုပ် 4 Hour Work-week ထဲပြောထားတာ mini retirement တွေ များများယူရမယ်တဲ့ ကျနော်ကတော့ အစပိုင်း […]

Tools တွေဘာလို့ သုံးသင့်လဲ

တစ်ခုခုလုပ်မယ်ဆိုရင် Tools တွေရဲ့ အကူအညီ ယူခြင်းက အလုပ်ကို မြန်မြန်ပြီးမြောက်စေတယ်ဆိုတာတော့ သေချာတယ် အရင်က လက်နဲ့ ဘောပင်နဲ့ စာရွက်မှာ ချရေးတယ် နောက်ပိုင်း Notion တို့လို Note app တွေသုံးတယ် Visualize စဉ်းစားဖို့ Mind Map တွေ လိုလာတယ် နောက်ပိုင်းတော့ Video Notes တွေ မှတ်လာဖြစ်တယ်၊ တစ်ခုခု မှတ်ချင်ရင် Video ကောက်ရိုက်လိုက်တာ၊ နောက်ပြန်ကြည့်လို့ရတယ်၊ ပြန်လဲ တင်လို့ရတယ် Mind Map App ဆိုရင် Mindmeister သုံးတယ် Note ဆိုရင် Notion သုံးတယ် Browser ကိုက Edge ကိုသုံးတယ် Recording ကို OBS နဲ့လုပ်တယ် […]