Content Creator တွေအတွက် 3P

Content Creator အနေနဲ့ အလုပ်လုပ်မယ်ဆိုရင် အစတည်းက Plan ကြိုချပြီးမှ လုပ်တာ ပိုကောင်းတယ်
Creator တစ်ယောက်ရဲ့ income ရတဲ့ပုံစံကို အကြမ်းဖျင်း ၃ မျိုးခွဲလို့ရတယ်
Platforms
Partners
Products ဆိုပြီး P ၃ လုံးနဲ့ မှတ်ထားလို့ရတယ်
Platforms ဆိုတာက Facebook, YouTube တို့ကနေ ပေးတဲ့ ကြော်ငြာ income တို့ star တို့ subscription တို့လို income တွေ အားလုံးပါမယ်
Partners ဆိုတာက Sponsorship Deals တွေ Brand တွေနဲ့ Collab တို့ Review လုပ်တာတို့ နောက် Affiliate တို့လိုမျိုးတွေ အကုန်ပါမယ်
Products ကတော့ ကိုယ်တိုင်ရောင်းတဲ့ product/service တွေ ဥပမာ Digital Products (Ebook လိုမျိုး) နောက် သင်တန်းတို့ consultation တို့ Merchandise လိုမျိုးတွေ ပါမယ်
ကိုယ်က content creator လုပ်မယ်ဆိုရင် ဒီ ၃ ခုထဲမှာ ရနိုင်သမျှများများပါလေ ကောင်းလေပဲ၊ အဲ့တော့ topic (niche) ကို ကြိုစဉ်းစားထားပြီးမှ လုပ်တာ ပိုကောင်းတယ်
ဥပမာ သီချင်းဆိုတာ ဝါသနာပါလို့ cover song တွေ ဆိုတာ ကောင်းပါတယ်။ ဒါမယ့် အဲမှာ 3P ထဲက ဘယ်နှခု ပါနိုင်မလဲ?
နောက်တစ်ခုက Branding ကိုလဲ ထည့်စဉ်းစားသင့်တယ်။ ရေရှည်မှာ လူတွေ ခေါ်သုံးမယ့် vlogger talent တစ်ယောက်အနေနဲ့ သွားမယ်ဆိုရင် 2D 3D channel နဲ့တော့ စလို့မရဘူးပေါ့
ဒါကြောင့် creator လုပ်မယ်ဆို နောက် ၅ နှစ်မှာ ငါဘယ်တွေကနေ income ရမလဲဆိုတာထိ စဉ်းစားထားပြီး ခုတည်းက ပြင်ဆင်ထားသင့်တယ်
AMC

Power of Consistency

Start with Why ကို ရေးတဲ့ Simon Sinek ပြောသလိုပေါ့.။ ဒီနေ့မနက် မင်း Gym ကိုသွားတယ်. Workout လုပ်တယ်. ပြန်လာပြီးရင် မှန်ထဲကို ကြည့်တယ်. ဘာအပြောင်းအလဲဖြစ်သွားတာတွေ့မယ်ထင်လဲ.? Nothing. ဘာမှ ပြောင်းမှာမဟုတ်ဘူး.။ နောက်တစ်နေ့ အဲလိုပဲ Gym သွားတယ်.

မဖန်တီးတတ်ရင် စုပါ

Create မဖန်တီးတတ်ရင် Curate စုပါ.။ Create ဖန်တီးတယ်ဆိုတာ ပန်းချီဆရာ နဲ့ တူတယ်၊ ရင်ထဲက အနုပညာကို ကားချပ်ပေါ်တင်ရတာ.။ Curate စုတယ်ဆိုတာ ပန်းချီပြခန်းအစောင့်နဲ့ တူတယ်၊ သူကိုယ်တိုင်တော့ ပန်းချီမဆွဲတတ်ဘူး၊ ဒါပေမယ့် ပန်းချီပြခန်းကို လူလာတဲ့အခါ “ကြည့်ပါလား စုတ်ချက်လေးကတော့ဘယ်လို၊ ဒီနားလေးမှာ ဘယ်လိုယူထားတာ”

ဝင်ငွေလမ်းကြောင်း (၈) မျိုးရှိတယ်

1. အလုပ်လုပ်လို့ ရတဲ့ဝင်ငွေ 2. ဝယ်ရောင်းလုပ်ရာက မြတ်တဲ့ ဝင်ငွေ 3. ပိုက်ဆံချေးရာက အတိုးပြန်ရတဲ့ ဝင်ငွေ 4. ပိုင်ဆိုင်မှုတစ်ခုခုက တန်ဖိုးတက်လာတဲ့ ဝင်ငွေ 5. Share ဝင်ထားတဲ့တစ်ခုခုက အမြတ်ခွဲပေးလို့ရတဲ့ ဝင်ငွေ 6. မြေ သို့မဟုတ် အိမ်တစ်ခုခုကို ငှားလို့

ကိုယ့်ကိုကိုယ် Appreciate လုပ်ပါ

ညက ၂ နာရီမှ အိပ်လဲ မနက်စောစော Adrenaline rush ဖြစ်ပြီး နိုးလာတာနဲ့ Trading View Indicator တစ်ခု ကောက်ရေးလိုက်တာ ပြီးသွားပြီ.။ ဒါနဲ့ဆိုရင် ရေးထားတဲ့ indicator ပေါင်း ၂၀ တောင်ပြည့်သွားပြီပဲ.။ တစ်ခါတစ်လေ ကျနော်တို့က ကိုယ်မလုပ်နိုင်သေးတာတွေကို တွေးပြီး