Scan လို့လွယ်အောင်ရေး

နောက်ပိုင်းလူတွေက စာကို ဖတ်တာထက် Scan တာ ပိုများတယ်.။
Scan တယ်ဆိုတာက စာပိုဒ်တစ်ပိုဒ်ကို တွေ့ရင်
#ပထမဆုံးစာကြောင်း ကိုပဲ အဆုံးထိဖတ်
ပြီးနောက်ပိုင်းစာကြောင်းတွေ
ကိုဖြည်းဖြည်းချင်း
အစပိုင်းတွေကို
ပဲဖတ်လာ
တာကို
ပြော
တာ.။

ပျင်းလာရင် ဒီလို ခေါင်းစဉ်တွေဆီကို ကျော်ဖတ်လာလေ့ရှိတယ်

နောက်တစ်ခုက
  • ဒီလို list တွေကိုဖတ်လေ့ရှိတယ်
  • list ကိုဖတ်ရင် အချက်တွေကို တန်းသိတာမို့
  • list က အရမ်းမရှည်ရင်ပိုကောင်းတယ်
ဒါကြောင့်စာရေးတဲ့အခါ List တွေပါအောင် ရေးရမယ်.။
အတတ်နိုင်ဆုံး စာကြောင်းကို #တိုတိုနဲ့လိုရင်း ရေး.။
အပိုဒ်ခဏခဏခွဲ.။ တစ်ပိုဒ်မှာ ၃ ကြောင်းထက် ပိုမပါစေနဲ့.။
#Keyword တွေကို highlight လုပ်.။ Facebook မှာက # နဲ့လုပ်လို့ရတယ်.။
စာရှည်တယ်အသံဖိုင်ပို့ပေး ဆိုတာမျိုးတွေလဲ နောက်ပိုင်းရှိလာလို့ ဒီလောက်ရေးပြီးရင် ရပ်ပေတော့.။

Content Creator တွေအတွက် 3P

Content Creator အနေနဲ့ အလုပ်လုပ်မယ်ဆိုရင် အစတည်းက Plan ကြိုချပြီးမှ လုပ်တာ ပိုကောင်းတယ် Creator တစ်ယောက်ရဲ့ income ရတဲ့ပုံစံကို အကြမ်းဖျင်း ၃ မျိုးခွဲလို့ရတယ် Platforms Partners Products ဆိုပြီး P ၃ လုံးနဲ့ မှတ်ထားလို့ရတယ် Platforms

ငွေရှာရတာ ခက်သလား?

ငွေရှာရတာ ခက်လား မေးရင် မခက်ဘူးပဲ အမြဲဖြေပါ.။ Law of Attraction ဘာညာ မပြောသေးဘူး၊ ငါလုပ်နိုင်တယ် လို့တွေးတဲ့သူ နဲ့ ငါမလုပ်နိုင်ဘူး လို့ တွေးတဲ့သူနဲ့ Result က ကွာမှာပဲ.။ ငယ်ငယ်ကတည်းက ကျနော်တို့ မိဘတွေလက်ထက်ကတည်းက ကြားလာရတာက ငွေရှာရတာခက်တယ်၊ တွင်းထဲကနှိုက်ထုတ်နေတာမဟုတ်ဘူး

Power of Consistency

Start with Why ကို ရေးတဲ့ Simon Sinek ပြောသလိုပေါ့.။ ဒီနေ့မနက် မင်း Gym ကိုသွားတယ်. Workout လုပ်တယ်. ပြန်လာပြီးရင် မှန်ထဲကို ကြည့်တယ်. ဘာအပြောင်းအလဲဖြစ်သွားတာတွေ့မယ်ထင်လဲ.? Nothing. ဘာမှ ပြောင်းမှာမဟုတ်ဘူး.။ နောက်တစ်နေ့ အဲလိုပဲ Gym သွားတယ်.

မဖန်တီးတတ်ရင် စုပါ

Create မဖန်တီးတတ်ရင် Curate စုပါ.။ Create ဖန်တီးတယ်ဆိုတာ ပန်းချီဆရာ နဲ့ တူတယ်၊ ရင်ထဲက အနုပညာကို ကားချပ်ပေါ်တင်ရတာ.။ Curate စုတယ်ဆိုတာ ပန်းချီပြခန်းအစောင့်နဲ့ တူတယ်၊ သူကိုယ်တိုင်တော့ ပန်းချီမဆွဲတတ်ဘူး၊ ဒါပေမယ့် ပန်းချီပြခန်းကို လူလာတဲ့အခါ “ကြည့်ပါလား စုတ်ချက်လေးကတော့ဘယ်လို၊ ဒီနားလေးမှာ ဘယ်လိုယူထားတာ”