Passion + Customer + Way to Accept Payment
$100 Startup စာအုပ်မှာ ပြောထားတာက Online Business တစ်ခု စမယ်ဆိုရင် Passion တစ်ခုတည်းနဲ့ အလုပ်မဖြစ်နိုင်ဘူးတဲ့ အားလုံးသိတဲ့တိုင်းပဲ မုန့်စားရတာကို Passion ရှိတယ် ဆိုတာနဲ့တင် Business တစ်ခုစဖို့က မလွယ်ဘူးမဟုတ်လား တကယ့် formula အစစ်က Passion + Customer + Way to Accept Payment = Business လို့ဆိုတယ် Passion လို့ခေါ်တဲ့ အဲဒီအရာပေါ်မှာ ကိုယ်က တကယ်ကြီး စိတ်ပါဝင်စားမှု ရှိရမယ် Customer လို့ခေါ်တဲ့ အဲဒီအရာကို ဝယ်ဖို့ လိုအပ်နေသူတွေလဲ ရှိရဦးမယ် Way to Accept Payment လို့ခေါ်တဲ့ ငွေချေမယ့် နည်းလမ်းတစ်ခုလဲ လိုမယ် ဒီ […]
တစ်ခုခုစလုပ်ဖို့ Moti လိုလား
Content တွေဖန်တီးဖို့ Online Business တွေစဖို့ Motivation လိုလား? လိုတာပေါ့၊ တစ်ခုခု စမယ်ဆိုရင် Motivation က လိုကိုလိုတယ် ဒါပေမယ့် Motivation ဆိုတာက အားဖြည့်အချိုရည်တွေနဲ့ တူတယ် သောက်တဲ့ခဏနဲ့ သောက်ပြီးတဲ့အချိန် အားပြည့်သလို ခံစားရပေမယ့် ပြီးရင်က အဲဒီ effect ပျောက်သွားတဲ့အချိန်မှာ ပြန်အားလျော့သွားတာမျိုး ဒါကြောင့် Moti တစ်ခုတည်းကို အားကိုးလို့မရဘူး Moti + Plan + Progress + Reward လိုလိမ့်မယ် Moti က စလုပ်ဖို့ တွန်းအားရမယ် ပြီးရင် တကယ်ကြီး ဆက်လုပ်ဖြစ်သွားဖို့က Plan လိုတယ် လုပ်ရင်းနဲ့ Progress ကို မြင်လာရပြီဆိုရင် Moti ပြန်ပြန်ရလာမယ် ပြီးတော့ […]
ကိုယ့် Strength ကိုကိုယ်သိ
ကိုယ့် strength ကို ကိုယ်သိဖို့လိုတယ်.။ ကျွန်တော့် strength က ဘာလဲဆိုရင် tool တွေအကြောင်းသိတာ၊ ကလိတတ်တာနဲ့ လူတွေကို နားလည်အောင်ရှင်းပြနိုင်စွမ်း ဖြစ်မယ်.။ အဲဒီ strength ရယ် အဲဒါကို ပိုက်ဆံပေးဝယ်မယ့် customer ရယ် ငွေလက်ခံမယ့် နည်းလမ်းရယ် ၃ ခုကို business ဖြစ်အောင် ပြောင်းလိုက်တဲ့အခါ သင်တန်းသား ၂၅၀၀၀ ကျော်တဲ့ Digital for Business Success ဖြစ်လာတယ်.။ ကိုယ့် strength ကိုရအောင်ရှာ၊ ဝယ်မယ့် customer ရှိမရှိ သိအောင်လုပ်၊ ငွေလက်ခံမယ့်နည်းလမ်းစဉ်းစား၊ ဒါဆို online business တစ်ခု စလို့ရပြီ.။
ငွေရှာရတာ ခက်သလား?
ငွေရှာရတာ ခက်လား မေးရင် မခက်ဘူးပဲ အမြဲဖြေပါ.။ Law of Attraction ဘာညာ မပြောသေးဘူး၊ ငါလုပ်နိုင်တယ် လို့တွေးတဲ့သူ နဲ့ ငါမလုပ်နိုင်ဘူး လို့ တွေးတဲ့သူနဲ့ Result က ကွာမှာပဲ.။ ငယ်ငယ်ကတည်းက ကျနော်တို့ မိဘတွေလက်ထက်ကတည်းက ကြားလာရတာက ငွေရှာရတာခက်တယ်၊ တွင်းထဲကနှိုက်ထုတ်နေတာမဟုတ်ဘူး ဘာညာ.။ ခက်တယ်လို့ထင်ရင် ပိုခက်လာတတ်တယ်၊ ခက်တယ် ဆိုတော့ လက်လျှော့တဲ့ဘက်ကို ပိုပြီး ရောက်လာရောလေ.။ ဒါကြောင့် ကိုယ့်ကိုကိုယ် အမြဲပြောတယ်၊ “ငွေရှာရတာ အရမ်းလွယ်တယ်” လို့.။ ငွေနဲ့ပတ်သက်လို့ ဒီ (၃) ခု အမြဲရွတ်တတ်တယ်.။ “ငွေရှာရတာ အရမ်းလွယ်တယ်” “ငွေကိုရှာပါ၊ သုံးပါ၊ မတွယ်တာနဲ့” “ငွေဘယ်လောက်ရှာနိုင်တယ်ဆိုတာထက် ဘယ်လောက်ကျန်အောင်လုပ်နိုင်တာက ပိုအရေးကြီးတယ်”
ကိုယ့်ကိုကိုယ် Appreciate လုပ်ပါ
ညက ၂ နာရီမှ အိပ်လဲ မနက်စောစော Adrenaline rush ဖြစ်ပြီး နိုးလာတာနဲ့ Trading View Indicator တစ်ခု ကောက်ရေးလိုက်တာ ပြီးသွားပြီ.။ ဒါနဲ့ဆိုရင် ရေးထားတဲ့ indicator ပေါင်း ၂၀ တောင်ပြည့်သွားပြီပဲ.။ တစ်ခါတစ်လေ ကျနော်တို့က ကိုယ်မလုပ်နိုင်သေးတာတွေကို တွေးပြီး အားငယ်တာတို့ စိတ်ပူတာတို့ ဖြစ်နေတတ်ကြတယ်၊ နောက်ကို ပြန်လှည့်ကြည့်ပြီး ကိုယ်လုပ်နိုင်ခဲ့တာတွေကို ပြန်တွေးပြီး ကိုယ့်ကိုကိုယ် appreciate လုပ်ဖို့ကျ မေ့နေတာများတယ်.။ ကိုယ့်ကိုကိုယ် appreciate များများလုပ်ပေး၊ သူများက လာပြီး motivate လုပ်စရာမလိုဘူး၊ ဘာ motivational speaker မှလဲ မလိုဘူး၊ ကိုယ့် achievement တွေက ကိုယ့်ကို motivate လုပ်တာကိုပဲ ခံယူပါ.။
ဘယ်တော့မှ ပြန်မရမယ့် အရာ (၃) ခု
ဘဝမှာ ပျက်စီးသွားရင်၊ ပျောက်ကွယ်သွားရင် ပြန်မရနိုင်တော့မှာ (၃)ခုပဲ ရှိတယ်.။ ၁) အချိန် ၂) ကျန်းမာရေး ၃) မိသားစု တကယ်က ဒီ (၃) ခုထဲက တစ်ခုခုကို အဆုံးရှုံးသက်သာဖို့ဆိုရင် ကျန်တာအားလုံးနဲ့ လဲမယ်ဆို လဲသင့်တာ.။ ထူးဆန်းတာက လူတွေက နံပါတ် (၂) ကျန်းမာရေး တစ်ခုခု ဖြစ်မှသာ ပိုက်ဆံတွေ အကုန်ခံပြီး ကုတာ.။ နံပါတ် ၁) အချိန်ကိုပြန်ရဖို့ ငွေမသုံးချင်ဘူး (အချိန်ကုန်သက်သာစေမယ့် အရာတွေမှာ ငွေမသုံးဖြစ်ကြဘူး)၊ နံပါတ် ၃) မိသားစုကို ငွေလောက် ဂရုမစိုက်မိကြဘူး ဖြစ်နေတယ်.။
မဖန်တီးတတ်ရင် စုပါ
Create မဖန်တီးတတ်ရင် Curate စုပါ.။ Create ဖန်တီးတယ်ဆိုတာ ပန်းချီဆရာ နဲ့ တူတယ်၊ ရင်ထဲက အနုပညာကို ကားချပ်ပေါ်တင်ရတာ.။ Curate စုတယ်ဆိုတာ ပန်းချီပြခန်းအစောင့်နဲ့ တူတယ်၊ သူကိုယ်တိုင်တော့ ပန်းချီမဆွဲတတ်ဘူး၊ ဒါပေမယ့် ပန်းချီပြခန်းကို လူလာတဲ့အခါ “ကြည့်ပါလား စုတ်ချက်လေးကတော့ဘယ်လို၊ ဒီနားလေးမှာ ဘယ်လိုယူထားတာ” စသဖြင့် ရှင်းပြတတ်တယ်.။ Content တစ်ခုကို အစအဆုံး မဖန်တီးတတ်ဘူးဆိုရင် အဲဒီအကြောင်းအရာကို Simple ဖြစ်အောင် ရှင်းပြခြင်း (သို့မဟုတ်) မတူညီတဲ့အမြင်နဲ့ ဆွေးနွေးခြင်းနဲ့ Curate လုပ်လို့ရတယ်.။ ငယ်တုန်းက စာစီစာကုန်းရေးတုန်းက သင်ခဲ့ရတယ်မလား “စုတုပြု” ဆိုပြီး.။
ပြောစရာ (၃) ခုရှိတယ်
ဒီ status ကို ဖတ်တဲ့သူတွေကို ပြောစရာ (၃) ခုရှိတယ်.။ နံပါတ် (၁) ရိုးသားမှုအကြောင်း နံပါတ် (၂) စာသားတွေရဲ့ အရေးပါမှု နဲ့ နံပါတ် (၃) ငြင်းမရတဲ့ offer အကြောင်းပေါ့.။ တကယ်က ဒီနည်းလမ်းကို marketing ဆရာကြီး တစ်ယောက်ဆီက ရခဲ့တာဗျ.။ နံပါတ် (၁) က ရိုးသားမှု တဲ့,။ ရိုးရိုးသားသား ပြောရရင် ဒီ status က ကြော်ငြာတစ်ခု ဖြစ်တယ်.။ ဘာကြော်ငြာလဲဆိုတော့ မိတ်ဆွေရဲ့ လုပ်ငန်းပဲ ဖြစ်ဖြစ် content creation ပဲဖြစ်ဖြစ်ကို နောက်တစ်ဆင့်ကို ရောက်သွားစေနိုင်မယ့် ကြော်ငြာမျိုး.။ လူတွေက ရိုးသားမှုကို ကြိုက်ကြတယ်ဗျ.။ ခုပဲကြည့် ကျနော်က ကြော်ငြာပါလို့ ပြောတာတောင် […]
Scan လို့လွယ်အောင်ရေး
နောက်ပိုင်းလူတွေက စာကို ဖတ်တာထက် Scan တာ ပိုများတယ်.။ Scan တယ်ဆိုတာက စာပိုဒ်တစ်ပိုဒ်ကို တွေ့ရင် #ပထမဆုံးစာကြောင်း ကိုပဲ အဆုံးထိဖတ် ပြီးနောက်ပိုင်းစာကြောင်းတွေ ကိုဖြည်းဖြည်းချင်း အစပိုင်းတွေကို ပဲဖတ်လာ တာကို ပြော တာ.။ ပျင်းလာရင် ဒီလို ခေါင်းစဉ်တွေဆီကို ကျော်ဖတ်လာလေ့ရှိတယ် နောက်တစ်ခုက ဒီလို list တွေကိုဖတ်လေ့ရှိတယ် list ကိုဖတ်ရင် အချက်တွေကို တန်းသိတာမို့ list က အရမ်းမရှည်ရင်ပိုကောင်းတယ် ဒါကြောင့်စာရေးတဲ့အခါ List တွေပါအောင် ရေးရမယ်.။ အတတ်နိုင်ဆုံး စာကြောင်းကို #တိုတိုနဲ့လိုရင်း ရေး.။ အပိုဒ်ခဏခဏခွဲ.။ တစ်ပိုဒ်မှာ ၃ ကြောင်းထက် ပိုမပါစေနဲ့.။ #Keyword တွေကို highlight လုပ်.။ Facebook မှာက # […]