Passion + Customer + Way to Accept Payment

$100 Startup စာအုပ်မှာ ပြောထားတာက Online Business တစ်ခု စမယ်ဆိုရင် Passion တစ်ခုတည်းနဲ့ အလုပ်မဖြစ်နိုင်ဘူးတဲ့
အားလုံးသိတဲ့တိုင်းပဲ မုန့်စားရတာကို Passion ရှိတယ် ဆိုတာနဲ့တင် Business တစ်ခုစဖို့က မလွယ်ဘူးမဟုတ်လား
တကယ့် formula အစစ်က Passion + Customer + Way to Accept Payment = Business လို့ဆိုတယ်
  • Passion လို့ခေါ်တဲ့ အဲဒီအရာပေါ်မှာ ကိုယ်က တကယ်ကြီး စိတ်ပါဝင်စားမှု ရှိရမယ်
  • Customer လို့ခေါ်တဲ့ အဲဒီအရာကို ဝယ်ဖို့ လိုအပ်နေသူတွေလဲ ရှိရဦးမယ်
  • Way to Accept Payment လို့ခေါ်တဲ့ ငွေချေမယ့် နည်းလမ်းတစ်ခုလဲ လိုမယ်
ဒီ ၃ ခုပေါင်းမှ Business စလို့ရမယ်တဲ့
MBA မှာသင်ခဲ့ရတာတော့ Business စဖို့ Customer ရှာတဲ့နေရာမှာ ၂ ခုလုပ်လို့ရတယ်
Find a problem and solve it. ပြဿနာတစ်ခုကို ရှာပြီး ဖြေရှင်းဖို့ ကြိုးစား
or Find a gap and fill it. ဒါမှမဟုတ် ကွက်လပ်တစ်ခုကိုရှာပြီး ဖြည့်ဖို့ကြိုးစား
ပရိဘောဂတွေကို သယ်ရပိုးရ ရွှေ့ရတဲ့ ကုန်ကျစားရိတ်လဲများတဲ့ ပြဿနာအခက်အခဲကို ဖြေရှင်းရင်း IKEA ဒီလောက်ထိ အောင်မြင်လာတယ်
အိမ်ကနေပဲ မှာစားချင်တဲ့ customer တွေနဲ့ delivery ကိုယ်ပိုင်မရှိတဲ့ restaurant တွေကြားက ကွက်လပ်ကို ဖြည့်ရင်း Foodpanda ဖြစ်လာတယ်
နောက်ပိုင်း ကျနော်ဖြေရှင်းဖို့ နဲ့ ကွက်လပ်ဖြည့်ဖို့ ကြိုးစားနေတာကတော့ လူတွေ၊ လုပ်ငန်းရှင်တွေ နဲ့ ဘယ် location မှာနေနေ income ရချင်သူတွေအတွက် လိုအပ်တဲ့ education နဲ့ tool တွေကို အလွယ်ဆုံးနည်းနဲ့ ရအောင် လုပ်ပေးချင်တာပဲ

Power of Consistency

Start with Why ကို ရေးတဲ့ Simon Sinek ပြောသလိုပေါ့.။ ဒီနေ့မနက် မင်း Gym ကိုသွားတယ်. Workout လုပ်တယ်. ပြန်လာပြီးရင် မှန်ထဲကို ကြည့်တယ်. ဘာအပြောင်းအလဲဖြစ်သွားတာတွေ့မယ်ထင်လဲ.? Nothing. ဘာမှ ပြောင်းမှာမဟုတ်ဘူး.။ နောက်တစ်နေ့ အဲလိုပဲ Gym သွားတယ်.

မဖန်တီးတတ်ရင် စုပါ

Create မဖန်တီးတတ်ရင် Curate စုပါ.။ Create ဖန်တီးတယ်ဆိုတာ ပန်းချီဆရာ နဲ့ တူတယ်၊ ရင်ထဲက အနုပညာကို ကားချပ်ပေါ်တင်ရတာ.။ Curate စုတယ်ဆိုတာ ပန်းချီပြခန်းအစောင့်နဲ့ တူတယ်၊ သူကိုယ်တိုင်တော့ ပန်းချီမဆွဲတတ်ဘူး၊ ဒါပေမယ့် ပန်းချီပြခန်းကို လူလာတဲ့အခါ “ကြည့်ပါလား စုတ်ချက်လေးကတော့ဘယ်လို၊ ဒီနားလေးမှာ ဘယ်လိုယူထားတာ”

ကိုယ့်ကိုကိုယ် Appreciate လုပ်ပါ

ညက ၂ နာရီမှ အိပ်လဲ မနက်စောစော Adrenaline rush ဖြစ်ပြီး နိုးလာတာနဲ့ Trading View Indicator တစ်ခု ကောက်ရေးလိုက်တာ ပြီးသွားပြီ.။ ဒါနဲ့ဆိုရင် ရေးထားတဲ့ indicator ပေါင်း ၂၀ တောင်ပြည့်သွားပြီပဲ.။ တစ်ခါတစ်လေ ကျနော်တို့က ကိုယ်မလုပ်နိုင်သေးတာတွေကို တွေးပြီး

တစ်ခုခုစလုပ်ဖို့ Moti လိုလား

Content တွေဖန်တီးဖို့ Online Business တွေစဖို့ Motivation လိုလား? လိုတာပေါ့၊ တစ်ခုခု စမယ်ဆိုရင် Motivation က လိုကိုလိုတယ် ဒါပေမယ့် Motivation ဆိုတာက အားဖြည့်အချိုရည်တွေနဲ့ တူတယ် သောက်တဲ့ခဏနဲ့ သောက်ပြီးတဲ့အချိန် အားပြည့်သလို ခံစားရပေမယ့် ပြီးရင်က အဲဒီ effect