Quality Vs Quantity

အရင်က Quality Content ကပဲ ပိုကောင်းမယ်လို့ တွေးထားတာ.။ Quality ကောင်းကောင်းနဲ့ ရှယ်ရိုက် ရှယ်ရေး ရှယ်ဖန်တီးမယ်ပေါ့.။ ဒါမှ ပေါက်မယ် ပိုပြီးတန်မယ်လို့ ထင်တာ.။ မှားလားဆိုတော့ မမှားဘူး.။ ဒါမယ့် တွက်ကြည့်ရင် ခု မြန်မာပြည် Facebook user က သန်း ၂၀ ပတ်လည်ပဲ ရှိတယ်၊ YouTube ဆို ၅ သန်းလောက်ပဲ ရှိမယ်.။ TikTok ကတော့ data အတိအကျ မသိပေမယ့် ၅ သန်းပတ်လည်ပဲ ရှိမှာပေါ့.။ ဆိုတော့ ဘယ်လောက် quality ကောင်းကောင်း ကျနော်တို့ ရောက်နိုင်တာ ဒီလောက်ပဲ ဒီထက်မပိုဘူး.။ ဒါကြောင့် နောက်ပိုင်း quality ရော quantity ရော […]

တစ်ခုခုစလုပ်ဖို့ Moti လိုလား

Content တွေဖန်တီးဖို့ Online Business တွေစဖို့ Motivation လိုလား? လိုတာပေါ့၊ တစ်ခုခု စမယ်ဆိုရင် Motivation က လိုကိုလိုတယ် ဒါပေမယ့် Motivation ဆိုတာက အားဖြည့်အချိုရည်တွေနဲ့ တူတယ် သောက်တဲ့ခဏနဲ့ သောက်ပြီးတဲ့အချိန် အားပြည့်သလို ခံစားရပေမယ့် ပြီးရင်က အဲဒီ effect ပျောက်သွားတဲ့အချိန်မှာ ပြန်အားလျော့သွားတာမျိုး ဒါကြောင့် Moti တစ်ခုတည်းကို အားကိုးလို့မရဘူး Moti + Plan + Progress + Reward လိုလိမ့်မယ် Moti က စလုပ်ဖို့ တွန်းအားရမယ် ပြီးရင် တကယ်ကြီး ဆက်လုပ်ဖြစ်သွားဖို့က Plan လိုတယ် လုပ်ရင်းနဲ့ Progress ကို မြင်လာရပြီဆိုရင် Moti ပြန်ပြန်ရလာမယ် ပြီးတော့ […]

မဖန်တီးတတ်ရင် စုပါ

Create မဖန်တီးတတ်ရင် Curate စုပါ.။ Create ဖန်တီးတယ်ဆိုတာ ပန်းချီဆရာ နဲ့ တူတယ်၊ ရင်ထဲက အနုပညာကို ကားချပ်ပေါ်တင်ရတာ.။ Curate စုတယ်ဆိုတာ ပန်းချီပြခန်းအစောင့်နဲ့ တူတယ်၊ သူကိုယ်တိုင်တော့ ပန်းချီမဆွဲတတ်ဘူး၊ ဒါပေမယ့် ပန်းချီပြခန်းကို လူလာတဲ့အခါ “ကြည့်ပါလား စုတ်ချက်လေးကတော့ဘယ်လို၊ ဒီနားလေးမှာ ဘယ်လိုယူထားတာ” စသဖြင့် ရှင်းပြတတ်တယ်.။ Content တစ်ခုကို အစအဆုံး မဖန်တီးတတ်ဘူးဆိုရင် အဲဒီအကြောင်းအရာကို Simple ဖြစ်အောင် ရှင်းပြခြင်း (သို့မဟုတ်) မတူညီတဲ့အမြင်နဲ့ ဆွေးနွေးခြင်းနဲ့ Curate လုပ်လို့ရတယ်.။ ငယ်တုန်းက စာစီစာကုန်းရေးတုန်းက သင်ခဲ့ရတယ်မလား “စုတုပြု” ဆိုပြီး.။

test