Power of Consistency

Start with Why ကို ရေးတဲ့ Simon Sinek ပြောသလိုပေါ့.။ ဒီနေ့မနက် မင်း Gym ကိုသွားတယ်. Workout လုပ်တယ်. ပြန်လာပြီးရင် မှန်ထဲကို ကြည့်တယ်. ဘာအပြောင်းအလဲဖြစ်သွားတာတွေ့မယ်ထင်လဲ.? Nothing. ဘာမှ ပြောင်းမှာမဟုတ်ဘူး.။ နောက်တစ်နေ့ အဲလိုပဲ Gym သွားတယ်. ဆော့တယ်. ပြန်လာတယ်. မှန်ထဲကို ကြည့်တယ်. ဘာပြောင်းမယ်ထင်လဲ.? Still Nothing. ဘာမှမပြောင်းဘူး.။ တတိယနေ့. အဲ့အတိုင်းပဲ သွားတယ်ပြန်လာတယ်ကြည့်တယ် ဘာမှမပြောင်းလဲဘူး.။ အဲဒီမှာ လူတွေဟာ quit လုပ်တော့တာပဲ.။ တစ်ချို့ကိစ္စတွေဟာ အချိန်ယူရတယ်.။ ဟုတ်တယ် မင်း Gym (၃) ရက်ဆော့ရင် ဘာမှ ပြောင်းမှာမဟုတ်ဘူး.။ ဒါပေမယ့် အဲဒီအတိုင်းမင်း မပျက်မကွက်သာ လုပ်သွား.။ ဟုတ်တယ် […]

လူတစ်ယောက်အတွက် ဝါသနာ ၅ ခုလိုတယ်

လူတစ်ယောက်အတွက် ဝါသနာ ၅ ခုလိုတယ် ပိုက်ဆံရှာပေးမယ့် ဝါသနာ ၁ ခု ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေမယ့် ဝါသနာ ၁ ခု တီထွင်ဖန်တီးနိုင်စွမ်းကို တက်စေမယ့် ဝါသနာ ၁ ခု အသိပညာကို တိုးစေမယ့် ဝါသနာ ၁ ခု Mindset ကို တိုးတက်စေမယ့် ဝါသနာ ၁ ခု

တစ်ခုခုစလုပ်ဖို့ Moti လိုလား

Content တွေဖန်တီးဖို့ Online Business တွေစဖို့ Motivation လိုလား? လိုတာပေါ့၊ တစ်ခုခု စမယ်ဆိုရင် Motivation က လိုကိုလိုတယ် ဒါပေမယ့် Motivation ဆိုတာက အားဖြည့်အချိုရည်တွေနဲ့ တူတယ် သောက်တဲ့ခဏနဲ့ သောက်ပြီးတဲ့အချိန် အားပြည့်သလို ခံစားရပေမယ့် ပြီးရင်က အဲဒီ effect ပျောက်သွားတဲ့အချိန်မှာ ပြန်အားလျော့သွားတာမျိုး ဒါကြောင့် Moti တစ်ခုတည်းကို အားကိုးလို့မရဘူး Moti + Plan + Progress + Reward လိုလိမ့်မယ် Moti က စလုပ်ဖို့ တွန်းအားရမယ် ပြီးရင် တကယ်ကြီး ဆက်လုပ်ဖြစ်သွားဖို့က Plan လိုတယ် လုပ်ရင်းနဲ့ Progress ကို မြင်လာရပြီဆိုရင် Moti ပြန်ပြန်ရလာမယ် ပြီးတော့ […]

ကိုယ့် Strength ကိုကိုယ်သိ

ကိုယ့် strength ကို ကိုယ်သိဖို့လိုတယ်.။ ကျွန်တော့် strength က ဘာလဲဆိုရင် tool တွေအကြောင်းသိတာ၊ ကလိတတ်တာနဲ့ လူတွေကို နားလည်အောင်ရှင်းပြနိုင်စွမ်း ဖြစ်မယ်.။ အဲဒီ strength ရယ် အဲဒါကို ပိုက်ဆံပေးဝယ်မယ့် customer ရယ် ငွေလက်ခံမယ့် နည်းလမ်းရယ် ၃ ခုကို business ဖြစ်အောင် ပြောင်းလိုက်တဲ့အခါ သင်တန်းသား ၂၅၀၀၀ ကျော်တဲ့ Digital for Business Success ဖြစ်လာတယ်.။ ကိုယ့် strength ကိုရအောင်ရှာ၊ ဝယ်မယ့် customer ရှိမရှိ သိအောင်လုပ်၊ ငွေလက်ခံမယ့်နည်းလမ်းစဉ်းစား၊ ဒါဆို online business တစ်ခု စလို့ရပြီ.။

Change Your Identity

ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့ ကျွန်တော်ရခဲ့ဖူးတဲ့ အကောင်းဆုံးအကြံဉာဏ်တစ်ခုက “Change Your Identity” ဆိုတာပဲ ဒီ principle က နေရာတော်တော်များများမှာ တွေ့ရတယ်၊ စာအုပ်တွေထဲမှာလဲ ပါတယ်၊ နာမည်ပဲမတူကြတာ Be – Do – Have နဲ့ Have – Do – Be တို့ Identity Change တို့ Begin with the End in Mind တို့လို နာမည်မတူပေမယ့် သဘောတရားက တူတယ် အဓိက အနှစ်သာရက ဒီလိုပေါ့ ဉပမာ ကျွန်တော်က ဝိတ်ကျချင်တယ်၊ six packs ထွက်ချင်တယ်၊ ကျန်းမာချင်တယ်ဆိုပါစို့ ပုံမှန်ကျွန်တော်တို့ စဉ်းစားကြတာက “ငါက ဝိတ်တွေချမယ်၊ […]