ဝင်ငွေလမ်းကြောင်း (၈) မျိုးရှိတယ်

1. အလုပ်လုပ်လို့ ရတဲ့ဝင်ငွေ 2. ဝယ်ရောင်းလုပ်ရာက မြတ်တဲ့ ဝင်ငွေ 3. ပိုက်ဆံချေးရာက အတိုးပြန်ရတဲ့ ဝင်ငွေ 4. ပိုင်ဆိုင်မှုတစ်ခုခုက တန်ဖိုးတက်လာတဲ့ ဝင်ငွေ 5. Share ဝင်ထားတဲ့တစ်ခုခုက အမြတ်ခွဲပေးလို့ရတဲ့ ဝင်ငွေ 6. မြေ သို့မဟုတ် အိမ်တစ်ခုခုကို ငှားလို့ ရတဲ့ဝင်ငွေ 7. ကိုယ့်ရဲ့ ဖန်တီးမှုတစ်ခုခုက ရတဲ့ လိုင်စင်ဝင်ငွေ 8. အစပိုင်း အလုပ်အသားကုန်လုပ်ထားပြီး နောက်ပိုင်း အလိုအလျောက်ဝင်ငွေ ဒီ (၈) မျိုးထဲက များများတည်ဆောက်နိုင်လေကောင်းလေ၊ နည်းလေ စိတ်ပူစရာကောင်းလေ

ငွေရှာရတာ ခက်သလား?

ငွေရှာရတာ ခက်လား မေးရင် မခက်ဘူးပဲ အမြဲဖြေပါ.။ Law of Attraction ဘာညာ မပြောသေးဘူး၊ ငါလုပ်နိုင်တယ် လို့တွေးတဲ့သူ နဲ့ ငါမလုပ်နိုင်ဘူး လို့ တွေးတဲ့သူနဲ့ Result က ကွာမှာပဲ.။ ငယ်ငယ်ကတည်းက ကျနော်တို့ မိဘတွေလက်ထက်ကတည်းက ကြားလာရတာက ငွေရှာရတာခက်တယ်၊ တွင်းထဲကနှိုက်ထုတ်နေတာမဟုတ်ဘူး ဘာညာ.။ ခက်တယ်လို့ထင်ရင် ပိုခက်လာတတ်တယ်၊ ခက်တယ် ဆိုတော့ လက်လျှော့တဲ့ဘက်ကို ပိုပြီး ရောက်လာရောလေ.။ ဒါကြောင့် ကိုယ့်ကိုကိုယ် အမြဲပြောတယ်၊ “ငွေရှာရတာ အရမ်းလွယ်တယ်” လို့.။ ငွေနဲ့ပတ်သက်လို့ ဒီ (၃) ခု အမြဲရွတ်တတ်တယ်.။ “ငွေရှာရတာ အရမ်းလွယ်တယ်” “ငွေကိုရှာပါ၊ သုံးပါ၊ မတွယ်တာနဲ့” “ငွေဘယ်လောက်ရှာနိုင်တယ်ဆိုတာထက် ဘယ်လောက်ကျန်အောင်လုပ်နိုင်တာက ပိုအရေးကြီးတယ်”

test