ငွေရှာရတာ ခက်သလား?
ငွေရှာရတာ ခက်လား မေးရင် မခက်ဘူးပဲ အမြဲဖြေပါ.။ Law of Attraction ဘာညာ မပြောသေးဘူး၊ ငါလုပ်နိုင်တယ် လို့တွေးတဲ့သူ နဲ့ ငါမလုပ်နိုင်ဘူး လို့ တွေးတဲ့သူနဲ့ Result က ကွာမှာပဲ.။ ငယ်ငယ်ကတည်းက ကျနော်တို့ မိဘတွေလက်ထက်ကတည်းက ကြားလာရတာက ငွေရှာရတာခက်တယ်၊ တွင်းထဲကနှိုက်ထုတ်နေတာမဟုတ်ဘူး ဘာညာ.။ ခက်တယ်လို့ထင်ရင် ပိုခက်လာတတ်တယ်၊ ခက်တယ် ဆိုတော့ လက်လျှော့တဲ့ဘက်ကို ပိုပြီး ရောက်လာရောလေ.။ ဒါကြောင့် ကိုယ့်ကိုကိုယ် အမြဲပြောတယ်၊ “ငွေရှာရတာ အရမ်းလွယ်တယ်” လို့.။ ငွေနဲ့ပတ်သက်လို့ ဒီ (၃) ခု အမြဲရွတ်တတ်တယ်.။ “ငွေရှာရတာ အရမ်းလွယ်တယ်” “ငွေကိုရှာပါ၊ သုံးပါ၊ မတွယ်တာနဲ့” “ငွေဘယ်လောက်ရှာနိုင်တယ်ဆိုတာထက် ဘယ်လောက်ကျန်အောင်လုပ်နိုင်တာက ပိုအရေးကြီးတယ်”
မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းတယ်
မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းတယ် Real Investments are boring တဲ့.. Workout လုပ်တာနဲ့ ဘီယာသောက်တာယှဉ်ရင် workout လုပ်တာက ပျင်းစရာကောင်းတာပေါ့ လောင်းကစားသလို Day Trading လုပ်တာနဲ့ Stock တစ်ခုကို ပုံမှန်ဝယ်ပြီး ကိုင်ထားတာနဲ့ ဆိုရင် ကိုင်ထားရတာက ပျင်းစရာကောင်းတာပေါ့ တော်တော်ကြီးကြာမှ Progress ကိုမြင်လာရတာမျိုးကို လူတွေက မကြိုက်ကြဘူး၊ မြန်မြန်လုပ် မြန်မြန်ရ ကိုပဲ ကြိုက်ကြတာ။ အဲဒါကြောင့်လဲ scammer တွေ များလာတာ၊ လောင်းကစားတွေ များလာတာ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းလိမ့်မယ် AMC
Mini Retirement များများရစေမယ့် အလုပ် (၃) ခု
ကျနော်တို့ တော်တော်များများက စဉ်းစားတာက ငယ်တုန်းမှာ ပိုက်ဆံရှာထား၊ ကြီးလာရင် နားမယ်၊ သွားမယ် စားမယ် သောက်မယ်၊ အနားယူမယ် ဒီလိုစဉ်းစားကြတာ တကယ်က စဉ်းစားကြည့်ရင် အသက် ၂၀ ကနေ ၆၀ ထိ အလုပ်လုပ်၊ ၆၀ လဲကျ ပိုက်ဆံရှိပြီ ခရီးတွေသွားမယ် ပျော်မယ်ပါးမယ်လဲ ဆိုရော Wheelchair ပေါ် ရောက်လိုရောက်၊ မသွားနိုင်တော့ဘူးဖြစ်ရော ကိုယ့်ဝါသနာက တောင်တက်တာ၊ အသက် ၆၀ ပိုက်ဆံရှိမှ အနားယူမှ တောင်သွားတက်မယ် ဆိုတော့ မရတော့ဘူး၊ ကြီးနေပြီ အဲ့ကြောင့် Tim Ferriss က သူ့စာအုပ် 4 Hour Work-week ထဲပြောထားတာ mini retirement တွေ များများယူရမယ်တဲ့ ကျနော်ကတော့ အစပိုင်း […]