ဝင်ငွေလမ်းကြောင်း (၈) မျိုးရှိတယ်

1. အလုပ်လုပ်လို့ ရတဲ့ဝင်ငွေ
2. ဝယ်ရောင်းလုပ်ရာက မြတ်တဲ့ ဝင်ငွေ
3. ပိုက်ဆံချေးရာက အတိုးပြန်ရတဲ့ ဝင်ငွေ
4. ပိုင်ဆိုင်မှုတစ်ခုခုက တန်ဖိုးတက်လာတဲ့ ဝင်ငွေ
5. Share ဝင်ထားတဲ့တစ်ခုခုက အမြတ်ခွဲပေးလို့ရတဲ့ ဝင်ငွေ
6. မြေ သို့မဟုတ် အိမ်တစ်ခုခုကို ငှားလို့ ရတဲ့ဝင်ငွေ
7. ကိုယ့်ရဲ့ ဖန်တီးမှုတစ်ခုခုက ရတဲ့ လိုင်စင်ဝင်ငွေ
8. အစပိုင်း အလုပ်အသားကုန်လုပ်ထားပြီး နောက်ပိုင်း အလိုအလျောက်ဝင်ငွေ
ဒီ (၈) မျိုးထဲက များများတည်ဆောက်နိုင်လေကောင်းလေ၊ နည်းလေ စိတ်ပူစရာကောင်းလေ

ကျန်းမာရေးဟာ အကောင်းဆုံး investment ပါ

Investment နဲ့ပတ်သက်ပြီး ကျွန်တော့်ဆရာတစ်ယောက်သင်ပေးတာက Investment မှာ အဓိက ဂရုစိုက်ရမယ့် အပိုင်း (၂)​ပိုင်းရှိသတဲ့ ၁)​သူများဆီကနေ ကိုယ့်ဆီကို ရောက်ဖို့ကို လုပ်ရသလို ၂) ကိုယ့်ဆီကနေလဲ ပြန်မပါဖို့ ဂရုစိုက်ရမယ် တဲ့ နောက်ထပ် နည်းနည်းဖြန့်တွေးပြီး စဉ်းစားကြည့်တော့၊ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ အလုပ်လုပ်တယ်၊ ပိုက်ဆံရှာကြတယ်၊

မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းတယ်

မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းတယ် Real Investments are boring တဲ့.. Workout လုပ်တာနဲ့ ဘီယာသောက်တာယှဉ်ရင် workout လုပ်တာက ပျင်းစရာကောင်းတာပေါ့ လောင်းကစားသလို Day Trading လုပ်တာနဲ့ Stock တစ်ခုကို ပုံမှန်ဝယ်ပြီး ကိုင်ထားတာနဲ့ ဆိုရင် ကိုင်ထားရတာက ပျင်းစရာကောင်းတာပေါ့

မဖန်တီးတတ်ရင် စုပါ

Create မဖန်တီးတတ်ရင် Curate စုပါ.။ Create ဖန်တီးတယ်ဆိုတာ ပန်းချီဆရာ နဲ့ တူတယ်၊ ရင်ထဲက အနုပညာကို ကားချပ်ပေါ်တင်ရတာ.။ Curate စုတယ်ဆိုတာ ပန်းချီပြခန်းအစောင့်နဲ့ တူတယ်၊ သူကိုယ်တိုင်တော့ ပန်းချီမဆွဲတတ်ဘူး၊ ဒါပေမယ့် ပန်းချီပြခန်းကို လူလာတဲ့အခါ “ကြည့်ပါလား စုတ်ချက်လေးကတော့ဘယ်လို၊ ဒီနားလေးမှာ ဘယ်လိုယူထားတာ”

Tools တွေဘာလို့ သုံးသင့်လဲ

တစ်ခုခုလုပ်မယ်ဆိုရင် Tools တွေရဲ့ အကူအညီ ယူခြင်းက အလုပ်ကို မြန်မြန်ပြီးမြောက်စေတယ်ဆိုတာတော့ သေချာတယ် အရင်က လက်နဲ့ ဘောပင်နဲ့ စာရွက်မှာ ချရေးတယ် နောက်ပိုင်း Notion တို့လို Note app တွေသုံးတယ် Visualize စဉ်းစားဖို့ Mind Map တွေ လိုလာတယ်