Power of Consistency

Start with Why ကို ရေးတဲ့ Simon Sinek ပြောသလိုပေါ့.။

ဒီနေ့မနက် မင်း Gym ကိုသွားတယ်. Workout လုပ်တယ်. ပြန်လာပြီးရင် မှန်ထဲကို ကြည့်တယ်. ဘာအပြောင်းအလဲဖြစ်သွားတာတွေ့မယ်ထင်လဲ.?

Nothing. ဘာမှ ပြောင်းမှာမဟုတ်ဘူး.။

နောက်တစ်နေ့ အဲလိုပဲ Gym သွားတယ်. ဆော့တယ်. ပြန်လာတယ်. မှန်ထဲကို ကြည့်တယ်. ဘာပြောင်းမယ်ထင်လဲ.?

Still Nothing. ဘာမှမပြောင်းဘူး.။

တတိယနေ့. အဲ့အတိုင်းပဲ သွားတယ်ပြန်လာတယ်ကြည့်တယ် ဘာမှမပြောင်းလဲဘူး.။

အဲဒီမှာ လူတွေဟာ quit လုပ်တော့တာပဲ.။

တစ်ချို့ကိစ္စတွေဟာ အချိန်ယူရတယ်.။ ဟုတ်တယ် မင်း Gym (၃) ရက်ဆော့ရင် ဘာမှ ပြောင်းမှာမဟုတ်ဘူး.။ ဒါပေမယ့် အဲဒီအတိုင်းမင်း မပျက်မကွက်သာ လုပ်သွား.။
ဟုတ်တယ် မင်းကြားထဲမှာ ၃ ရက်လောက်မသွားတာရှိမယ်.။ မင်း ကယ်လိုရီတွေအများကြီးပါတဲ့ မုန့်တွေ စားမိတာရှိမယ်.။ ပျင်းလို့ အိပ်နေတာရှိမယ်.။

ဒါပေမယ့် အဲလိုပဲ ပျင်းလိုက် သွားလိုက် နားလိုက် စားလိုက် ပြန်သွားလိုက်နဲ့ အချိန်တစ်ခုကြာအောင် လုပ်မယ်ဆိုရင် တစ်နေ့နေ့မှာ မင်းဟာ fit ဖြစ်လာမယ် ကျန်းမာလာမယ်ဆိုတာတော့ သေချာတယ်.။

ဒါသည်ပဲ consistency ရဲ့ power ပဲ.။

Video တစ်ခုတင်တယ် ကြည့်မယ့်သူမရှိဘူး၊ စာအုပ်တစ်အုပ်ကို review ရေးတယ် ဖတ်မယ့်သူမရှိဘူး၊ blog post တစ်ခုရေးတယ် site visitor တစ်ယောက်မှ မရှိဘူး.။
ဒါပေမယ့် အပတ်စဉ် video တစ်ပတ်တစ်ပုဒ်တင်သွားမယ်ဆိုရင် စာအုပ် review တစ်ပုဒ် blog post တစ်ခုစီ ရေးသွားမယ်ဆိုရင် ကျနော်အာမခံတယ် တစ်နေ့မှာ အဲဒီကရလာတဲ့ အကျိုးကိုခံစားရမှာပဲ.။

ဒါပါပဲ.။

Quality Vs Quantity

အရင်က Quality Content ကပဲ ပိုကောင်းမယ်လို့ တွေးထားတာ.။ Quality ကောင်းကောင်းနဲ့ ရှယ်ရိုက် ရှယ်ရေး ရှယ်ဖန်တီးမယ်ပေါ့.။ ဒါမှ ပေါက်မယ် ပိုပြီးတန်မယ်လို့ ထင်တာ.။ မှားလားဆိုတော့ မမှားဘူး.။ ဒါမယ့် တွက်ကြည့်ရင် ခု မြန်မာပြည် Facebook user က သန်း

ကိုယ့် Strength ကိုကိုယ်သိ

ကိုယ့် strength ကို ကိုယ်သိဖို့လိုတယ်.။ ကျွန်တော့် strength က ဘာလဲဆိုရင် tool တွေအကြောင်းသိတာ၊ ကလိတတ်တာနဲ့ လူတွေကို နားလည်အောင်ရှင်းပြနိုင်စွမ်း ဖြစ်မယ်.။ အဲဒီ strength ရယ် အဲဒါကို ပိုက်ဆံပေးဝယ်မယ့် customer ရယ် ငွေလက်ခံမယ့် နည်းလမ်းရယ် ၃ ခုကို

ပြောစရာ (၃) ခုရှိတယ်

ဒီ status ကို ဖတ်တဲ့သူတွေကို ပြောစရာ (၃) ခုရှိတယ်.။ နံပါတ် (၁) ရိုးသားမှုအကြောင်း နံပါတ် (၂) စာသားတွေရဲ့ အရေးပါမှု နဲ့ နံပါတ် (၃) ငြင်းမရတဲ့ offer အကြောင်းပေါ့.။ တကယ်က ဒီနည်းလမ်းကို marketing ဆရာကြီး တစ်ယောက်ဆီက

မဖန်တီးတတ်ရင် စုပါ

Create မဖန်တီးတတ်ရင် Curate စုပါ.။ Create ဖန်တီးတယ်ဆိုတာ ပန်းချီဆရာ နဲ့ တူတယ်၊ ရင်ထဲက အနုပညာကို ကားချပ်ပေါ်တင်ရတာ.။ Curate စုတယ်ဆိုတာ ပန်းချီပြခန်းအစောင့်နဲ့ တူတယ်၊ သူကိုယ်တိုင်တော့ ပန်းချီမဆွဲတတ်ဘူး၊ ဒါပေမယ့် ပန်းချီပြခန်းကို လူလာတဲ့အခါ “ကြည့်ပါလား စုတ်ချက်လေးကတော့ဘယ်လို၊ ဒီနားလေးမှာ ဘယ်လိုယူထားတာ”