Tools တွေဘာလို့ သုံးသင့်လဲ

တစ်ခုခုလုပ်မယ်ဆိုရင် Tools တွေရဲ့ အကူအညီ ယူခြင်းက အလုပ်ကို မြန်မြန်ပြီးမြောက်စေတယ်ဆိုတာတော့ သေချာတယ်
အရင်က လက်နဲ့ ဘောပင်နဲ့ စာရွက်မှာ ချရေးတယ်
နောက်ပိုင်း Notion တို့လို Note app တွေသုံးတယ်
Visualize စဉ်းစားဖို့ Mind Map တွေ လိုလာတယ်
နောက်ပိုင်းတော့ Video Notes တွေ မှတ်လာဖြစ်တယ်၊ တစ်ခုခု မှတ်ချင်ရင် Video ကောက်ရိုက်လိုက်တာ၊ နောက်ပြန်ကြည့်လို့ရတယ်၊ ပြန်လဲ တင်လို့ရတယ်
Mind Map App ဆိုရင် Mindmeister သုံးတယ်
Note ဆိုရင် Notion သုံးတယ်
Browser ကိုက Edge ကိုသုံးတယ်
Recording ကို OBS နဲ့လုပ်တယ်
Tool တစ်ခုကို မသုံးခင်မှာက သုံးတတ်ဖို့ခက်မယ်ထင်တာနဲ့ တစ်ခါမှမသုံးဖူးတော့ ကြောက်တာနဲ့ နောက်တွန့်ကောင်းတွန့်လိမ့်မယ်။ ဒါမယ့် တကယ်သုံးပြီးရင်က ဘာမှ ကြောက်စရာမရှိတော့ဘူး။
ကိုယ့်ဘဝကို ပိုပြီး လွယ်ကူစေမယ့်အရာတွေကို သုံးရမှာ မကြောက်နဲ့။
Edit – ဒီပို့စ်ရေးပြီးမှ Software ဝယ်တဲ့ platform တစ်ခုက ကိုယ့် profile ကို သွားကြည့်မိတာ 132 ခုဝယ်ထားပြီးပြီ၊ တစ်ခုကို $60 လောက် ပျမ်းမျှနဲ့တွက်ရင် $8000 နီးပါး၊ သိန်း ၂၄၀ ဖိုးလောက်ရှိိတာပဲ
AMC

Mini Retirement များများရစေမယ့် အလုပ် (၃) ခု

ကျနော်တို့ တော်တော်များများက စဉ်းစားတာက ငယ်တုန်းမှာ ပိုက်ဆံရှာထား၊ ကြီးလာရင် နားမယ်၊ သွားမယ် စားမယ် သောက်မယ်၊ အနားယူမယ် ဒီလိုစဉ်းစားကြတာ တကယ်က စဉ်းစားကြည့်ရင် အသက် ၂၀ ကနေ ၆၀ ထိ အလုပ်လုပ်၊ ၆၀ လဲကျ ပိုက်ဆံရှိပြီ ခရီးတွေသွားမယ် ပျော်မယ်ပါးမယ်လဲ

ဘယ်တော့မှ ပြန်မရမယ့် အရာ (၃) ခု

ဘဝမှာ ပျက်စီးသွားရင်၊ ပျောက်ကွယ်သွားရင် ပြန်မရနိုင်တော့မှာ (၃)​ခုပဲ ရှိတယ်.။ ၁) အချိန် ၂) ကျန်းမာရေး ၃) မိသားစု တကယ်က ဒီ (၃) ခုထဲက တစ်ခုခုကို အဆုံးရှုံးသက်သာဖို့ဆိုရင် ကျန်တာအားလုံးနဲ့ လဲမယ်ဆို လဲသင့်တာ.။ ထူးဆန်းတာက လူတွေက နံပါတ် (၂)

မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းတယ်

မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပျင်းစရာကောင်းတယ် Real Investments are boring တဲ့.. Workout လုပ်တာနဲ့ ဘီယာသောက်တာယှဉ်ရင် workout လုပ်တာက ပျင်းစရာကောင်းတာပေါ့ လောင်းကစားသလို Day Trading လုပ်တာနဲ့ Stock တစ်ခုကို ပုံမှန်ဝယ်ပြီး ကိုင်ထားတာနဲ့ ဆိုရင် ကိုင်ထားရတာက ပျင်းစရာကောင်းတာပေါ့

ကိုယ့် Strength ကိုကိုယ်သိ

ကိုယ့် strength ကို ကိုယ်သိဖို့လိုတယ်.။ ကျွန်တော့် strength က ဘာလဲဆိုရင် tool တွေအကြောင်းသိတာ၊ ကလိတတ်တာနဲ့ လူတွေကို နားလည်အောင်ရှင်းပြနိုင်စွမ်း ဖြစ်မယ်.။ အဲဒီ strength ရယ် အဲဒါကို ပိုက်ဆံပေးဝယ်မယ့် customer ရယ် ငွေလက်ခံမယ့် နည်းလမ်းရယ် ၃ ခုကို