Change Your Identity

ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့ ကျွန်တော်ရခဲ့ဖူးတဲ့ အကောင်းဆုံးအကြံဉာဏ်တစ်ခုက “Change Your Identity” ဆိုတာပဲ

ဒီ principle က နေရာတော်တော်များများမှာ တွေ့ရတယ်၊ စာအုပ်တွေထဲမှာလဲ ပါတယ်၊ နာမည်ပဲမတူကြတာ

Be – Do – Have နဲ့ Have – Do – Be တို့ Identity Change တို့ Begin with the End in Mind တို့လို နာမည်မတူပေမယ့် သဘောတရားက တူတယ်

အဓိက အနှစ်သာရက ဒီလိုပေါ့

ဉပမာ ကျွန်တော်က ဝိတ်ကျချင်တယ်၊ six packs ထွက်ချင်တယ်၊ ကျန်းမာချင်တယ်ဆိုပါစို့

ပုံမှန်ကျွန်တော်တို့ စဉ်းစားကြတာက “ငါက ဝိတ်တွေချမယ်၊ အလေးတွေမမယ်၊ အစားတွေလျော့စားမယ်၊ ဒီလိုလုပ်ဖို့ ငါ့မှာ Gym membership လိုမယ်၊ Diet Plan လိုမယ်၊ ခွန်အားသတ္တိတွေလိုမယ်၊ ဒီလိုလုပ်ရင်းနဲ့ ငါ ဝိတ်ကျလာမယ်၊ six packs ထွက်လာမယ်၊ ကျန်းမာမယ်”
ဒီလိုပဲစဉ်းစားကြတာ၊ ဒါက Have – Do – Be ပုံစံ

ငါ့မှာ ဒါတွေရှိလာရင် ဒါတွေလုပ်မယ်၊ ဒါဆို ငါ ဒီလိုဖြစ်လာလိမ့်မယ် ပေါ့
တကယ်က အဲဒါက အလုပ်မဖြစ်တာများတယ်၊ ဘာလို့လဲဆိုတော့ ရှိလာမှ၊ လုပ်မှ၊​ ဖြစ်လာမှာ ဆိုပြိးဖြစ်နေတော့ ရှိမလာဖို့ နဲ့ မလုပ်ဖြစ်ဖို့ များလို့ပဲ။

ဒါကို ပုံစံပြောင်းလိုက်ရင် Be – Do – Have ဖြစ်သွားမယ်၊ စောစောကပြောတဲ့ identy changing လဲ အတူတူပဲ

သူကကျ ပြောင်းပြန်ဖြစ်မယ်၊ “ငါက Fitness Model တစ်ယောက်ဖြစ်တယ်၊ Fitness Model တစ်ယောက်က ဘာလုပ်မလဲ? Gym ကစားမယ်၊ အစားအသောက်ထိန်းမယ်၊ အရက်မသောက်ဘူး၊ ဒါကြောင့် ဒါတွေ ငါမလုပ်ရဘူး၊ ဒါဆိုရင် ငါ့မှာ six packs တွေရှိလာမယ် ကျန်းမာလာမယ်”
ဆိုလိုတာက ခုလုပ်ပြီး နောက်မှဖြစ်မယ် ဆိုတဲ့ဆီကနေ အခုဖြစ်နေပြီ ဒါကြောင့် ဒီတိုင်းလုပ်ရမယ် ဆိုတဲ့ဆီကို ပြောင်းလိုက်တာဖြစ်ပါတယ်

တစ်ခုခုကို ပြောင်းလဲရခက်နေပြီဆိုရင် Identity ကို ပြောင်းကြည့်ပါ

ဒီနေရာမှာ ကိုယ်က သူဌေးဖြစ်ချင်လို့ သူဌေးဝတ်တဲ့ အဝတ်အစားဝတ်တာ၊ သူဌေးလို သုံးတာဖြုန်းတာ စတာတွေကို ယူရမှာမဟုတ်ဘူး၊ သူဌေးတစ်ယောက် ဘယ်လို အလုပ်ကြိုးစားလဲ၊ သူဌေးတစ်ယောက် အချိန်ကို management ဘယ်လိုလုပ်လဲ၊ ဘာတွေသင်ယူနေသလဲ၊ လူတွေကိုဘယ်လိုဆက်ဆံလဲ စတာတွေကို ယူရမှာပါ

ဝိတ်ချရခက်နေပြီဆိုရင် “ငါက Fitness Model ဖြစ်တယ်” “ငါက မာရသွန်အပြေးသမားတစ်ယောက် ဖြစ်တယ်” လို့ပြောင်းကြည့်ပါ
Content တွေ မဖန်တီးဖြစ်ဘူး မတင်ဖြစ်ဘူးဆိုရင် “ငါက အောင်မြင်နေတဲ့ Youtuber တစ်ယောက်ဖြစ်တယ်၊ Celebrity တစ်ယောက်ဖြစ်တယ်”​ လို့ပြောင်းကြည့်ပါ

ပြီးရင် သူတို့ နေ့စဉ် ဘာတွေလုပ်နေမလဲဆိုတာကို မြင်ယောင်ပြီး အဲဒီအတိုင်း လုပ်ပါ။ ထူးခြားပါလိမ့်မယ်။

AMC

Passion + Customer + Way to Accept Payment

$100 Startup စာအုပ်မှာ ပြောထားတာက Online Business တစ်ခု စမယ်ဆိုရင် Passion တစ်ခုတည်းနဲ့ အလုပ်မဖြစ်နိုင်ဘူးတဲ့ အားလုံးသိတဲ့တိုင်းပဲ မုန့်စားရတာကို Passion ရှိတယ် ဆိုတာနဲ့တင် Business တစ်ခုစဖို့က မလွယ်ဘူးမဟုတ်လား တကယ့် formula အစစ်က Passion + Customer

Scan လို့လွယ်အောင်ရေး

နောက်ပိုင်းလူတွေက စာကို ဖတ်တာထက် Scan တာ ပိုများတယ်.။ Scan တယ်ဆိုတာက စာပိုဒ်တစ်ပိုဒ်ကို တွေ့ရင် #ပထမဆုံးစာကြောင်း ကိုပဲ အဆုံးထိဖတ် ပြီးနောက်ပိုင်းစာကြောင်းတွေ ကိုဖြည်းဖြည်းချင်း အစပိုင်းတွေကို ပဲဖတ်လာ တာကို ပြော တာ.။ ပျင်းလာရင် ဒီလို ခေါင်းစဉ်တွေဆီကို ကျော်ဖတ်လာလေ့ရှိတယ် နောက်တစ်ခုက

Tools တွေဘာလို့ သုံးသင့်လဲ

တစ်ခုခုလုပ်မယ်ဆိုရင် Tools တွေရဲ့ အကူအညီ ယူခြင်းက အလုပ်ကို မြန်မြန်ပြီးမြောက်စေတယ်ဆိုတာတော့ သေချာတယ် အရင်က လက်နဲ့ ဘောပင်နဲ့ စာရွက်မှာ ချရေးတယ် နောက်ပိုင်း Notion တို့လို Note app တွေသုံးတယ် Visualize စဉ်းစားဖို့ Mind Map တွေ လိုလာတယ်

Quality Vs Quantity

အရင်က Quality Content ကပဲ ပိုကောင်းမယ်လို့ တွေးထားတာ.။ Quality ကောင်းကောင်းနဲ့ ရှယ်ရိုက် ရှယ်ရေး ရှယ်ဖန်တီးမယ်ပေါ့.။ ဒါမှ ပေါက်မယ် ပိုပြီးတန်မယ်လို့ ထင်တာ.။ မှားလားဆိုတော့ မမှားဘူး.။ ဒါမယ့် တွက်ကြည့်ရင် ခု မြန်မာပြည် Facebook user က သန်း