Aung Mon Chan

Marketer, Content Creator, YouTuber, Trainer and Trader

Content Creator တွေအတွက် 3P

Content Creator အနေနဲ့ အလုပ်လုပ်မယ်ဆိုရင် အစတည်းက Plan ကြိုချပြီးမှ လုပ်တာ ပိုကောင်းတယ်
Creator တစ်ယောက်ရဲ့ income ရတဲ့ပုံစံကို အကြမ်းဖျင်း ၃ မျိုးခွဲလို့ရတယ်
Platforms
Partners
Products ဆိုပြီး P ၃ လုံးနဲ့ မှတ်ထားလို့ရတယ်
Platforms ဆိုတာက Facebook, YouTube တို့ကနေ ပေးတဲ့ ကြော်ငြာ income တို့ star တို့ subscription တို့လို income တွေ အားလုံးပါမယ်
Partners ဆိုတာက Sponsorship Deals တွေ Brand တွေနဲ့ Collab တို့ Review လုပ်တာတို့ နောက် Affiliate တို့လိုမျိုးတွေ အကုန်ပါမယ်
Products ကတော့ ကိုယ်တိုင်ရောင်းတဲ့ product/service တွေ ဥပမာ Digital Products (Ebook လိုမျိုး) နောက် သင်တန်းတို့ consultation တို့ Merchandise လိုမျိုးတွေ ပါမယ်
ကိုယ်က content creator လုပ်မယ်ဆိုရင် ဒီ ၃ ခုထဲမှာ ရနိုင်သမျှများများပါလေ ကောင်းလေပဲ၊ အဲ့တော့ topic (niche) ကို ကြိုစဉ်းစားထားပြီးမှ လုပ်တာ ပိုကောင်းတယ်
ဥပမာ သီချင်းဆိုတာ ဝါသနာပါလို့ cover song တွေ ဆိုတာ ကောင်းပါတယ်။ ဒါမယ့် အဲမှာ 3P ထဲက ဘယ်နှခု ပါနိုင်မလဲ?
နောက်တစ်ခုက Branding ကိုလဲ ထည့်စဉ်းစားသင့်တယ်။ ရေရှည်မှာ လူတွေ ခေါ်သုံးမယ့် vlogger talent တစ်ယောက်အနေနဲ့ သွားမယ်ဆိုရင် 2D 3D channel နဲ့တော့ စလို့မရဘူးပေါ့
ဒါကြောင့် creator လုပ်မယ်ဆို နောက် ၅ နှစ်မှာ ငါဘယ်တွေကနေ income ရမလဲဆိုတာထိ စဉ်းစားထားပြီး ခုတည်းက ပြင်ဆင်ထားသင့်တယ်
AMC